Beyond and Into the Future – Partners’ Awards Night 2022

AYA SOMPO အာမခံရဲ့ မိတ်ဖက်ကိုယ်စားလှယ်များနှင့် အာမခံကိုယ်စားလှယ်များ၏ စဥ်ဆက်မပြတ် ပံ့ပိုးကူညီမှုများနှင့် စွမ်းဆောင်မှုများကို ဂုဏ်ပြုသောအားဖြင့် Beyond and Into the Future – Partners’ Awards Night 2022 ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

ယခုနှစ်အတွက် အထူးဆုများဖြစ်သော Rising Star Award, Growth Achiever Award, Most Promising Advisor Award, Top Sales Achiever Awards, CEO Award, Most Promising Business Partner Award, and Top Corporate Partner Award တို့ကိုလည်း တစ်ဦးချင်းစီအလိုက် အသီးသီး ချီးမြှင့်ပေးခဲ့ပါတယ်။

ထို့နောက်မှာတော့ အထူးဆုများနှင့်အတူ Top Bank Partner, Top Auto Partner, Exclusive Digital Partner နှင့် Exclusive Bank Partner များအတွက် ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် အကောင်းဆုံးနှင့် ဆန်းသစ်သော အာမခံဝန်ဆောင်မှုများကို ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြသော မိတ်ဖက်ကိုယ်စားလှယ်များအားလုံးကို ကျေးဇူးတင်ရှိပါတယ်။

လက်တွဲတူယှဉ် ထာဝစဉ်ဟူသော ဆောင်ပုဒ်နှင့်အညီ AYA SOMPO အနေဖြင့် မြန်မာနိုင်ငံရှိ မိသားစုတစ်ဦးချင်းစီနှင့် လုပ်ငန်းများစွာအတွက် ပိုမိုဆန်းသစ်ကောင်းမွန်သော အာမခံအမျိုးအစားများကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။