BEYOND NOW, XPERIENCE THE FUTURE – Partners’ Night 2023

ကျွန်တော်တို့ AYA SOMPO အာမခံနှင့်အတူတကွ လက်တွဲလုပ်ဆောင်ခဲ့တဲ့ မိတ်ဖက်လုပ်ငန်းများရဲ့ ထူးချွန်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အောင်မြင်မှုများကို ဂုဏ်ပြုသောအားဖြင့် “Beyond Now, Xperience the Future” theme နှင့်အတူ Partners’ Night ကို အောင်မြင်စွာကျင်းပခဲ့ပါတယ်။ ဒီညဟာ ကျွန်တော်တို့ အခုရရှိနေတဲ့အောင်မြင်မှုကို နောက်ကွယ်ကနေပံ့ပိုးပေးကြသော မိတ်ဖက်လုပ်ငန်းများမှ မဆုတ်မနစ်သော ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုဂုဏ်ပြုသော ညတစ်ညလည်းဖြစ်ပါတယ်။

ယခုနှစ်အတွက် အထူးဆုများဖြစ်သော Rising Star Awards, Growth Achiever Awards, Top Sales Achiever Awards, CEO Award, Promising Corporate Partner Award, နှင့် Top Corporate Partner Award တို့ကိုလည်း တစ်ဦးချင်းစီအလိုက် အသီးသီး ချီးမြှင့်ပေးခဲ့ပါတယ်။ ထို့နောက်မှာတော့ အထူးဆုများနှင့်အတူ Top Auto Partner, Exclusive Digital Partner နှင့် Exclusive Bank Partner များအတွက် ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ခဲ့ပါတယ်။

ထိုဆုများနှင့်အတူ AYA SOMPO အာမခံမှ customer များအတွက် ခေတ်မီသော အာမခံဝန်ဆောင်မှုအသစ်တစ်ခု My AYASOMPO မိုဘိုင်းအက်ပလီကေးရှင်းကိုလည်း စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ၂၀၂၄ နှစ်သစ် အတွက် ကျွန်တော်တို့ရဲ့ခြေလှမ်းအသစ်၊ တီထွင်ဆန်းသစ်မှုအသစ်တွေကို ယခုလို Partners’ Night မှာ ချပြနိုင်ခြင်းအတွက် ဝမ်းမြောက်မိသလို တက်ရောက်ပေးခဲ့ကြသော မိတ်ဖက်လုပ်ငန်းရှင်တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။