Digital Services

Easy for you to access your insurance policy via our digital platform

ယာဥ်ထိခိုက်မှုဖြစ်ပေါ်ပါက ဘယ်လိုဆောင်ရွက်ရမလဲ။

ယာဥ်ထိခိုက်မှုဖြစ်ပေါ်ပါက AYA SOMPO အာမခံ Claim Hotline -09 777 100 999 သို့ (၂၄) နာရီ ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်။ ထို့အပြင် လျော်ကြေးဝန်ဆောင်မှုအတွက် https://ayasompo.com/eclaim-form/ တွင်ဝင်ရောက်ပြီး လိုအပ်သောအချက်အလက်များဖြည့်၍လည်း ဝန်ဆောင်မှုရယူနိုင်ပါတယ်။

လျော်ကြေးတောင်းခံမယ်ဆိုရင် ဘယ်လိုစာရွက်စာတမ်းတွေ လိုအပ်ပါသလဲ။

မတော်တဆမှုဖြစ်စဉ်အပေါ် မူတည်၍ လိုအပ်သောစာရွက်စာတမ်းများ ကွဲပြားနိုင်ပါတယ်။ ပုံမှန်အားဖြင့် -
၁) ဖြစ်စဉ်အသေးစိတ်ကိုဖော်ပြထားသော ကနဦးအကြောင်းကြားစာ (claim notification letter)
၂) ပြည့်စုံစွာဖြည့်ထားသော လျော်ကြေးတောင်းခံလွှာ (claim form)
၃) သက်ဆိုင်ရာနယ်မြေရဲစခန်း အမှုဖွင့်ထောက်ခံစာ (ခိုးယူပျောက်ဆုံးမှုဖြစ်စဉ်များအတွက်သာ)
၄) အာမခံထားသူကိုယ်တိုင် လျော်ကြေးတောင်းခံခြင်းမဟုတ်ပါက ကိုယ်စားလှယ်လွှဲစာ
တို့အပြင် - အာမခံဝန်ထမ်း၏ မျက်မြင်စစ်ဆေးချိန်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်၍ လိုအပ်သည့်စာရွက်စာတမ်းများတွင် အတည်ပြုလက်မှတ်ရေးထိုးရန် လိုအပ်ပါတယ်။

မတော်တဆမှုဖြစ်ပြီး ဘယ်နှစ်ရက်အတွင်း လျ်ောကြေးတောင်းခံခွင့် ရှိပါသလဲ။

မတော်တဆမှုဖြစ်ပြီး (၇) ရက်အတွင်း AYA SOMPO သို့ အကြောင်းကြား လျော်ကြေးတောင်းခံရပါမယ်။ သတ်မှတ်ရက်ထက် ကျော်လွန်ပါက အာမခံပေါ်လစီအရ လျော်ကြေးအကျုံးမဝင်ပါ။

လျော်ကြေးတောင်းခံခွင့် အကြိမ်အရေအတွက်ကို သတ်မှတ်ထားပါသလား။

လျော်ကြေးတောင်းခံရန် အကြိမ်အရေအတွက် ကန့်သတ်ထားဖြင်း မရှိပါ။ သို့သော် လျော်ကြေးတောင်းခံခြင်း အကြိမ်အရေအတွက်နှင့် လျော်ကြေးတောင်းခံခဲ့သည့် ဖြစ်စဥ်ပေါ်မူတည်၍ အာမခံစီစစ်လက်ခံခြင်းအဖွဲ့မှ အာမခံဆက်လက်ထားရှိမှုကို ငြင်းပယ်နိုင်ပါတယ်။

လျော်ကြေးဝန်ဆောင်မှုများအား ၂၄နာရီ ဝန်ဆောင်မှုပေးပါသလား။

AYA SOMPO အာမခံ၏ လျော်ကြေးဝန်ဆောင်မှုများအား ၂၄ နာရီ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ လျော်ကြေးဝန်ဆောင်မှုနှင့် ပတ်သက်၍ Claim Hotline -09 777 100 999 သို့ (၂၄) နာရီ ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်။ ထို့အပြင် လျော်ကြေးဝန်ဆောင်မှုအတွက် https://ayasompo.com/eclaim-form/ တွင်ဝင်ရောက်ပြီး လိုအပ်သောအချက်အလက်များဖြည့်၍လည်း ဝန်ဆောင်မှုရယူနိုင်ပါတယ်။