Digital Services

Easy for you to access your insurance policy via our digital platform

၁။ ရည်ရွယ်ချက်


ဧရာဆွန်ပိုအာမခံကုမ္ပဏီ၏ ဝန်ထမ်းများအား ကုမ္ပဏီအတွင်းတွင်ဖြစ်စေ၊ ကုမ္ပဏီခွဲများနှင့် အခြားမြို့နယ်များရှိ ရုံးခွဲများတွင်ဖြစ်စေ မှားယွင်းသောလုပ်ကိုင်မှုများ၊ လုပ်ငန်းခွင်နှင့် မသင့်လျော်သော အကျင့်စရိုက်များ ကြုံတွေ့ရပါက တင်ပြနိုင်စေရန် နှင့် တိုင်ကြားသောဝန်ထမ်းများအား မသမာစိတ်ဖြင့် ပြန်လည်လက်တုံ့ပြန်ခြင်း၊ ဒုက္ခရောက်အောင်ပြုမူခြင်း အစရှိသည့် စိုးရိမ်ကြောင့်ကြမှုများမှ အကာအကွယ် ဖြစ်စေရန် ဤမူဝါဒအား ဝန်ထမ်းများအတွက် သတ်မှတ် ဖော်ပြထားခြင်းဖြစ်ပါသည်။

၂။ မူဝါဒလမ်းစဥ်


ဧရာဆွန်ပိုအာမခံကုမ္ပဏီအနေဖြင့် ဝန်ထမ်းတစ်ဦး တစ်ယောက်ချင်းစီမှစတင်၍ ကုမ္ပဏီတစ်ခုလုံး အတိုင်းအတာအထိ တာဝန်ယူမှု နှင့် တာဝန်ခံမှုအပိုင်းများတွင် ၊ ရိုးသားပွင့်လင်းမြင်သာမှုကို အမြင့်မားဆုံးသော စံချိန်စံညွှန်းများထားရှိသည်နှင့်အညီ ဝန်ထမ်းများအနေဖြင့်လည်းအဆိုပါ စံညွှန်းများ အတိုင်း လိုက်နာပါဝင်ဆောင်ရွက်ခြင်းဖြင့် အကျိုးရလာဒ် ကောင်းများ ရရှိစေရေးအတွက် ဖော်ပြပါ ကိစ္စရပ်များအား ရိုးသားပွင့်လင်းထင်ရှားစွာ ထုတ်ဖော် ပြောဆိုကြရန် တိုက်တွန်းပါသည်။ ဝန်ထမ်းများ အနေဖြင့်လည်း ထိုသို့ရိုးသားစွာ ဖော်ထုတ်ခြင်းကြောင့် ပုဂ္ဂိုလ်ရေးရာ ထိခိုက်နစ်နာမည်ကို ကြောက်ရွံ့ခြင်း၊ မိမိတို့၏ ရာထူးဌာန တည်မြဲမှုမရှိခြင်း၊ အလုပ်ထုတ်ခံရနိုင်ခြင်း စသည်ဖြင့် စိုးရိမ်မှုမရှိစေပဲ ကုမ္ပဏီ၏ စံနှုန်းများအတိုင်းသာနေထိုင်ပြုမူသည်ဟု သတ်မှတ်စေလိုသည်။ (ဝန်ထမ်းအနေဖြင့် မှားယွင်း ဆောင်ရွက် မိသည် သို့မဟုတ် မိမိ ပတ်သတ်ခဲ့သောကိစ္စနှင့် ပတ်သတ်ပြီး ပြစ်မှု ကင်းရှင်းကြောင်း ရှင်းပြနိုင်ခဲ့လျှင် ၎င်းဝန်ထမ်းအနေဖြင့် သဘောရိုးဖြင့်သာ လုပ်ကိုင်ဆောင်ရွက်ခြင်းသည်သာ အဓိကဖြစ်သည်ဟု သတ်မှတ်သည်။)

 

၃။ တာဝန်ရှိသူများနှင့်အခွင့်အာဏာ

၃.၁။ ပထမအဆင့်သတ်မှတ်ထားသော Whistleblowing Policy Officer များမှာ –
Deputy Head of HR Department
Employee Relation Unit Leader

ဝန်ထမ်းများအနေဖြင့် မိမိတို့ထုတ်ဖော်ပြောဆိုလိုသည့်အကြောင်းအရာများကို တင်ပြဆွေးနွေးခြင်း ပြုလုပ်လိုသည့်အခါတွင် သက်ဆိုင်ရာ နယ်ပယ်အလိုက် အထက်ပါပုဂ္ဂိုလ်များကို ဆက်သွယ်နိုင်ပါသည်။ ဆက်သွယ်တင်ပြရာတွင် HR Application မှ တဆင့် Reach HR Form တွင် မိမိတိုင်ကြား လိုသည့်အချက်အလက်များ ဖြည့်၍ လွယ်ကူစွာ တိုင်ကြားနိုင်ပါသည်။


လုပ်ငန်းခွင်အဆင်မပြေမှုများကို လွတ်လပ်စွာတင်ပြဆွေးနွေးနိုင်ခြင်းမူဝါဒ လမ်းစဉ်ကို အကောင်အထည် ဖော်ရန်သတ်မှတ်ခန့်အပ်ထားသော သက်ဆိုင်ရာတာဝန်ခံမှ ဝန်ထမ်းများတင်ပြလာသော အကြောင်းအရာများကို အစီရင်ခံ ညှိနှိုင်းပေးရန်ဖြစ်သည်။

၃.၂။ ဒုတိယအဆင့်သတ်မှတ်ထားသော Whistleblowing Policy Officer များမှာ –
Divisional Head Support Division
Head of HR Department

ဤမူဝါဒ လမ်းစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိသည်။

အထက်ပါ ပုဂ္ဂိုလ်များသည် မိမိတို့ တင်ပြလိုသော အကြောင်းအရာကိစ္စရပ်များအား တင်ပြမေးမြန်း လိုသည့်အခါတွင် ဆက်သွယ်ရမည့် ပုဂ္ဂိုလ်များ ဖြစ်သည်။ လက်ခံရရှိသော ထုတ်ဖော်ပြောဆိုသည့် အချက်အလက်များနှင့် စာရင်းစစ်ကော်မတီမှ တင်သွင်းသော ဘဏ္ဍာရေးအစီရင်ခံစာများ သိမ်းဆည်း ဆောင်ရွက်ရမည်။ ထို့သို့ ထိန်းသိမ်းရာတွင် လက်ခံရရှိသည့် ထုတ်ဖော်တိုင်တန်းချက်များကို အစဉ်တိုင်း သိမ်းဆည်းထားပြီး စုံစမ်းစစ်ဆေးသူများ၏ ဆောင်ရွက်ရမည့် သို့မဟုတ် အရေးယူရမည့် အစီအစဉ်များ နှင့်အတူ စုံစမ်းစစ်ဆေးမှုတစ်ခုချင်းစီမှ ရရှိလာသော ရလာဒ်များအား စနစ်တကျ ထိန်းသိမ်းထားရမည်။

၃.၃။ တတိယအဆင့် သတ်မှတ်ထားသော Whistleblowing Policy Officer မှာ –
U Myo Min Thu – Chief Executive Officer (AYA SOMPO Insurance)


ဤမူဝါဒလမ်းစဉ်အား အကောင်အထည်ဖော်ခြင်း၊ ခေတ်နှင့်အညီ လိုအပ်သော ပြောင်းလဲခြင်းများ ပြုလုပ် ဆောင်ရွက်ရန်တာဝန်ရှိသည်။ သိရှိလိုသည့်အကြောင်းအရာကိစ္စရပ်များအား တင်ပြမေးမြန်း လိုသည့် အခါတွင် ဆက်သွယ်ရမည့် ပုဂ္ဂိုလ်ဖြစ်သည်။

 

၄။ အကျုံးဝင်သောနယ်ပယ်


ဤမူဝါဒလမ်းစဉ်သည်ဧရာဆွန်ပိုအာမခံကုမ္ပဏီလီမိတက်နှင့် အခြားမြို့နယ်များရှိ ဧရာဆွန်ပိုအာမခံ ကုမ္ပဏီခွဲများအားလုံးရှိ အချိန်ပြည့်ဝန်ထမ်းများ၊ စာချုပ်ဝန်ထမ်းများ၊ အာမခံကျွမ်းကျင်ဝန်ထမ်းများ အားလုံးနှင့် သက်ဆိုင်သည်။

 

၅။လုပ်ငန်းခွင်အဆင်မပြေမှုများကိုလွတ်လပ်စွာတင်ပြဆွေးနွေးနိုင်ခြင်းမူဝါဒနှင့်သက်ဆိုင်သည့်အရေးယူမှုများ


ဤမူဝါဒလမ်းစဉ်သည် အောက်တွင်ဖော်ပြထားသော အရေးကြီးကိစ္စရပ်များအတွက် ရည်ရွယ်သည်။
(က) ဘဏ္ဍာရေးဆိုင်ရာ အလွဲသုံးစားမှု၊လိမ်လည်မှုနှင့် မကောင်းသော အကျင့်စရိုက် အလေ့အထများ။
(ခ) ကုမ္ပဏီပိုင်ငွေကြေးများကို ခွင့်ပြုချက်မရှိပဲ သုံးစွဲမှုများ။
(ဂ) အဂတိလိုက်စားခြင်း။
(ဃ) ဥပဒေနှင့်မညီညွတ်သော အမှုကိစ္စများပြုလုပ်ခြင်း။
(င)မိမိ၏ရာထူး၊နေရာဌာနကိုအသုံးပြုပြီး မိမိအား အခွင့်အာဏာအပ်နှင်းခြင်းနှင့် စပ်လျဥ်းပြီး လုပ်ငန်းကိစ္စများအား လွဲမှားအသုံးချဆောင်ရွက်ခြင်း သို့မဟုတ် မိမိ၏ကိုယ်ကျိုးအတွက် အသုံးချ ဆောင်ရွက်ခြင်း။
(စ)မူဝါဒများကို အဓိကထိန်းချုပ်သူအနေဖြင့် ထိန်းချုပ်လိုက်နာမှုမရှိခြင်း (ဥပမာ – သီးခြင်းခွင့်ပြချက်မရှိပဲ ကုမ္ပဏီပစ္စည်းများကိုရွှေ့ပြောင်းခြင်း)
(ဆ)အထက်ဖော်ပြပါ အချက်များ၏ သတင်းအချက်အလက်များအား ရည်ရွယ်ချက်ရှိရှိဖြင့် လျှို့ဝှက် ဖုံးကွယ် ထိန်ချန် ထားခြင်း၊ ပူးပေါင်းထိန်ချန်ထားခြင်း။

 

၆။ လုပ်ငန်းခွင်အဆင်မပြေမှုများကိုလွတ်လပ်စွာတင်ပြဆွေးနွေးနိုင်ခြင်းမူဝါဒနှင့်မသက်ဆိုင်သော ကိစ္စများ


(က)ဝန်ထမ်းအချင်းချင်း ခွဲခြားဆက်ဆံခြင်း (အသားအရောင်၊ ကိုးကွယ်သည့်ဘာသာ၊ မျိုးရိုးဇာတိ၊ မသန်းမစွမ်းဖြစ်မှု၊ လိင် (အထီး/အမ)၊ မိသားစုအခြေအနေ စသည်..)
(ခ) Grievance Handling Form အသုံးပြုတိုင်ကြားနိုင်သော ကိစ္စရပ်များ။
(ဂ) ဖောက်သည်များမှ ကုမ္ပဏီ၏ ဝန်ဆောင်မှုနှင့် ပတ်သတ်ပြီးတိုင်ကြားမှုများ။

 

၇။ လုပ်ဆောင်မှုအဆင့်ဆင့်


လုပ်ငန်းခွင်အဆင်မပြေမှုများကို လွတ်လပ်စွာ တင်ပြဆွေးနွေးနိုင်ခြင်းမူဝါဒအရ အောက်ဖော်ပြပါ လုပ်ဆောင်မှု အဆင့်များ အတိုင်း ပြုလုပ်ဆောင်ရွက်သွားရမည်။

၇.၁။ အဆင့် (၁)
ဝန်ထမ်းများအနေဖြင့် ကုမ္ပဏီအတွင်း မှားယွင်းသောလုပ်ကိုင်မှုများ၊ မကောင်းသော အကျင့်စရိုက် များဖြင့် မလျော်ကန်စွာ ပြုမူဆောင်ရွက်ခြင်းများရှိသည်ဟု သံသယဖြစ်ဖွယ်တွေ့ရှိပါက မိမိတို့၏ သက်ဆိုင်ရာ ဌာနကြီးမှူးသို့ဖြစ်စေ၊ ဤမူဝါလမ်းစဉ်အတွက် ခန့်အပ်ထားရှိသော အရာရှိဝန်ထမ်းများသို့ဖြစ်စေ ချက်ချင်း အကြောင်းကြား ဆက်သွယ်နိုင်ပါသည်။ ဆက်သွယ်တင်ပြရာတွင် HR Application မှ တဆင့် Reach HR Form တွင် မိမိတိုင်ကြားလိုသည့်အချက်အလက်များ ဖြည့်၍ လွယ်ကူစွာ တိုင်ကြားနိုင်ပါသည်။

အမည် ဆက်သွယ်ရမည့်နံပါတ် E-mail

ပထမအဆင့်ရှိ အရာရှိများ

Deputy Head of HR Department

Employee Relation Unit Leader


09- 965 409 666


khinpo@ayasompo.com

ဒုတိယအဆင့်ရှိ အရာရှိများ
Divisional Head Support Division
Head of HR

09- 550 0289
09- 501 0614

waizm@ayasompo.com
htetwaim@ayasompo.com


အကယ်၍ ဝန်ထမ်းအနေဖြင့် မည်သည့်အကြောင်းကိစ္စနှင့်မဆို မိမိ၏သက်ဆိုင်ရာ ဌာနကြီးမှူး သို့မဟုတ် အထက်ဖော်ပြပါ ဇယားတွင်ပါဝင်သော အရာရှိများထံသို့ တင်ပြဆွေနွေးရန် မသင့်လျော်သည်ဟု ယူဆလျှင်ဖြစ်စေ၊ စုံစမ်းစစ်ဆေးဖော်ထုတ်ချက်များ၊ စစ်ဆေးချက်ရလာဒ်များအား ကျေနပ်မှုမရှိလျှင်ဖြစ်စေ ဝန်ထမ်းများအနေဖြင့် မိမိဖော်ထုတ်လိုသော အကြောင်းအရာကိစ္စရပ်များကို ကုမ္ပဏီအမှုဆောင်အရာရှိချုပ် (CEO) ထံသို့ email ပို့၍ဖြစ်စေ၊ လူကိုယ်တိုင်သွားရောက်၍ဖြစ်စေ ဆက်သွယ်ပြီး တင်ပြတိုင်ကြားနိုင်သည်။


၇.၂။ အဆင့်(၂)

ဝန်ထမ်းအနေဖြင့် မိမိထုတ်ဖော်တိုင်ကြားလိုသော ဝန်ထမ်း၏ အချက်အလက်အပြည့်အစုံကို တတ်နိုင်သမျှ ဖော်ပြပါရှိမှသာ တိုင်ကြားနိုင်မည်ဖြစ်သည်။ (ဥပမာ – တိုင်ကြားလိုသော ဝန်ထမ်း၏ အမည်(များ)၊ မသမာမှုပြုလုပ်သည့်နေ့စွဲနှင့်နေရာ အစရှိသည့်အချက်အလက်များ အတတ်နိုင်ဆုံး ပါဝင်ဖြည့်စွက်ရမည်။)

ထို့အပြင် သက်ဆိုင်ရာ ဌာနကြီးမှူးနှင့် ခန့်အပ်ထားသော အရာရှိများကိုတိုင်တန်းသည့်အခါတွင် မိမိ၏ ကုမ္ပဏီအတွက် ကောင်းမွန်စေလိုသော အခြေခံအထောက်အထားများပါ ပါရှိရမည်ဖြစ်သည်။

ဝန်ထမ်းအနေဖြင့် ယခုကဲ့သို့ဖော်ထုတ်တိုင်တန်းလိုသောအရေးကိစ္စများကို စောစီးလျှင်မြန်စွာ ထုတ်ဖော် တိုင်တန်းအသိပေးခြင်းဖြင့် အရေးယူဆောင်ရွက်မှုပြုလုပ်ရာတွင် ကောင်းမွန်သော အရေးယူ ကာကွယ်မှုများကို စောစီးစွာ ဆောင်ရွက်နိုင်မည်လည်းဖြစ်ပါသည်။


၇.၃။ အဆင့်(၃)

ဤမူဝါဒလမ်းစဉ်အောက်တွင် ဝန်ထမ်းများ၏ ထုတ်ဖော်တိုင်ကြားချက်များကို ကုမ္ပဏီ၏အမှုဆောင် အရာရှိချုပ် (CEO) သို့မဟုတ် ခန့်အပ်ထားသော အရာရှိများအနေဖြင့် အောက်ဖော်ပြပါ အရေးယူ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ပြုလုပ်ကြရမည်။

(က) ထုတ်ဖော်တိုင်တန်းသည့် အရေးကိစ္စများကို သေချာလက်ခံရယူပါ။
(ခ) ထိုအချက်အလက်များကို ဂရုနာစိတ်ဖြင့် ပြည့်စုံစွာ ဆင်ခြင်သုံးသပ်ပါ။
(ဂ)ခန့်အပ်ထားသောအရာရှိများအနေဖြင့် မိမိတို့ကိုင်တွယ်ဖြေရှင်းနေရသောအမှုကိစ္စများသည် ခက်ခဲနိုင်သော အခြေအနေဖြစ်နိုင်ကြောင်းနှင့် လိုအပ်ပါက တရားဥပဒေဆိုင်ရာ ကျွမ်းကျင် သူများ၏ အကူအညီကို ရယူနိုင်ပါကြောင်း အသိအမှတ်ပြုပါ။
(ဃ)မိမိတို့ဖြေရှင်းရမည့်အမှုကိစ္စများအား စုံစမ်းစစ်ဆေးခြင်းနှင့် ဆုံးဖြတ်ခြင်းများကို တတ်နိုင်သမျှ စောလျှင်စွာဆောင်ရွက်ပါ။
(င)မိမိအနေဖြင့် မည်သည့်ကိစ္စကြောင့် ယင်းကဲ့သို့ အမှုကိစ္စထွက်ပေါ်လာရသည့်ရလာဒ်ကို အသိပေးဆောင်ရွက်ပါ။
(စ)မိမိကိုင်တွယ်ဖြေရှင်းနေရသည့်အမှုကိစ္စများတွင် မည်သို့သော အကြောင်းပြချက်နှင့်မျှ ခွဲခြား ဆက်ဆံမှုများကို မပြုလုပ်ရပါ။
(ဆ)မိမိကိုင်တွယ်ဖြေရှင်းနေရသည့်အမှုကိစ္စသည် ဥပဒေရေးရာကိစ္စများဖြင့် ဆောင်ရွက်ရန် လိုအပ်ပါက ဥပဒေအရ ကာကွယ်တားဆီးမှုများကိုဆောက်ရွက်ပါ။

ခန့်အပ်ထားသောအရာရှိများအနေဖြင့် စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေစဉ်တွင် တိုင်ကြားသူ ဝန်ထမ်း နှင့် တွေ့ဆုံရန် လိုအပ်နိုင်ပါသည်။ တိုင်ကြားသူဝန်ထမ်းအနေဖြင့် ခန့်အပ်ထားသော အရာရှိများနှင့် တွေ့ဆုံ ရမည့် အရေအတွက်မှာ တိုင်ကြားသော သတင်းအချက်အလက် တိကျမှုနှင့် တိုင်ကြားသည့် အမှုကိစ္စတွင် ပါဝင်ပတ်သက် နေသည့်အတိုင်းအတာပေါ်မူတည်သွားမည်ဖြစ်ပြီး တိုင်ကြားသူဝန်ထမ်းမှ မပျက်မကွက် ပူးပေါင်းပါဝင်ရမည်ဖြစ်သည်။ ခန့်အပ်ထားသော အရာရှိများနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရမည့် နေရာသည် ယေဘုယျအားဖြင့် ဧရာဆွန်ပိုအာမခံကုမ္ပဏီ၏ ရုံးချုပ်တွင်ပြုလုပ်မည်ဖြစ်သည်။ (အဆိုပါတွေ့ဆုံ ဆွေးနွေးမည့် အစည်းအဝေးတွင် တိုင်ကြားသူဝန်ထမ်း နှင့် ခန့်အပ်ထားသောအရာရှိများအနေဖြင့် မိမိ၏ လုပ်ဖော်ကိုင်ဖက် သို့မဟုတ် သက်ဆိုင်ရာ မိတ်ဆွေကို လိုအပ်ပါက အတူခေါ်ဆောင်နိုင်သည်။) ခန့်အပ် ထားရှိသော အရာရှိများသည် တိုင်ကြားသူ၏ အမည်နှင့်ရာထူးအား တရာဥပဒေအရ လိုအပ်ချက်မှအပ ခွင့်ပြုချက်မရှိပဲ ထုတ်ဖော် ပြောဆိုမည်မဟုတ်ပဲ လျှို့ဝှက်ထားကြရမည်။


၇.၄။ အဆင့် (၄)

ဧရာဆွန်ပိုအာမခံကုမ္ပဏီတွင် လုပ်ငန်းခွင်အဆင်မပြေမှုများကို လွတ်လပ်စွာ တင်ပြဆွေးနွေးနိုင်ခြင်း မူဝါဒလမ်းစဉ်အတွက် ခန့်အပ်ထားသော အရာရှိများမှ ဤလမ်းစဉ်အရ ပြုလုပ်ဆောင်ရွက်သည့် အမှုကိစ္စ အားလုံး၏ မှတ်တမ်းများကို သေချာစွာမှတ်တမ်းတင်ထားရှိရမည်။ အဆိုပါမှတ်တမ်းတွင် စုံးစမ်းစစ်ဆေးမှုနှင့် ဆုံးဖြတ်ချက်အဖြေများ နှင့် တိုးတက်ပြောင်းလဲလာမှုများ ပါဝင်သည်။ (အရာရှိများမှ တိုင်ကြားသူ မည်သူမည်ဝါ ဖြစ်ကြောင်းကို ထိခိုက်စေမှု၊ ပေါ်ပေါက်စေနိုင်မှုရှိသော form များကို အတတ်နိုင်ဆုံး ကာကွယ်ထိန်းသိမ်း ကြရမည်။)


၇.၅။ အဆင့်(၅)

ဧရာဆွန်ပိုအာမခံကုမ္ပဏီတွင် လုပ်ငန်းခွင်အဆင်မပြေမှုများကို လွတ်လပ်စွာ တင်ပြဆွေးနွေးနိုင်ခြင်း မူဝါဒလမ်းစဉ်အတွက် ခန့်အပ်ထားရှိသည့် အရာရှိများသည် မိမိတို့ လက်ခံရရှိသည့် ထုတ်ဖော် တိုင်တန်းချက် များ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ချက်တစ်ခုစီ၏ ထွက်ပေါ်လာသော ရလာဒ်များနှင့် တိုးတက် ကောင်းမွန်လာစေရန် အတွက် အကောင်အထည်ဖော် ဆောင်ရွက်လုပ်ကိုင်ရမည် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာအဆင့်အလိုက် အစီရင်ခံတင်ပြရမည်ဖြစ်ပြီး Management အစည်းအဝေးတွင် တင်သွင်း အစီရင်ခံရမည်။


၈။ လူ့စွမ်းအား အရင်းအမြစ်ဌာန၏ မှားယွင်းစွာ ဆောင်ရွက်မှုများအား တိုင်ကြားခြင်း

လူ့စွမ်းအားအရင်းအမြစ်ဌာနမှ ဝန်ထမ်းများမှ တရားမျှတစွာဆောင်မှုမရှိခြင်း၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဥ်း စည်းကမ်းများ၊ ဥပဒေများ နှင့်အညီ ဆောင်ရွက်မှု မပြုခြင်းများ ရှိပါက ဝန်ထမ်းရေးရာ ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ (WCC) မှတစ်ဆင့်အစီရင်ခံနိုင်သည်။ ဝန်ထမ်းရေးရာ ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ (WCC)သည် သင့်လျှော်သည့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်မည်ဖြစ်ပြီး အမှုဆောင် အရာရှိချုပ် (CEO) ထံသို့ အစီရင်ခံ တင်ပြမည်ဖြစ်ပါသည်။ ဝန်ထမ်းရေးရာ ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ (WCC)သည် အပိုဒ်ခွဲ (၇.၄) နှင့် (၇.၅) တွင် ဖော်ပြထားသော စည်းမျဥ်းစည်းကမ်းများနှင့် အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

 


၉။ မှတ်သားလိုက်နာရမည့်အချက်များ



ဤမူဝါဒလမ်းစဉ်ကိုအသုံးပြုတိုင်ကြားရာတွင် အဆိုပါတိုင်တန်းဖော်ထုတ်မှုသည် သဘောရိုးဖြင့်သာ တိုင်တန်းခြင်းဖြစ်ပြီး မကောင်းသောစိတ်တစ်စုံတစ်ရာမရှိသော်လည်း စစ်ဆေးပြီးနောက်ပိုင်းတွင်အဆိုပါ တိုင်တန်းမှုသည် တရားမျှတမှုမရှိကြောင်း ပေါ်ပေါက်လာခဲ့သည်ရှိသော် တိုင်ကြားသူဝန်ထမ်းအနေဖြင့် လိုအပ်သည်များကို ဆက်လက်ထောက်ပံ့ဖြည့်ဆည်းမှုကို ဆောင်ရွက်နိုင်သည်။ သို့သော် ထုတ်ဖော် တိုင်ကြားချက်သည် ရိုးသားမှုမရှိပဲ မကောင်းသောအကြံအစည်ဖြင့် တိုင်ကြားသည်ကို နောက်ပိုင်းတွင် စစ်ဆေး တွေ့ရှိရပါက အဆိုပါ တိုင်ကြားသူ ဝန်ထမ်းအား စည်းမျဉ်းစည်းကမ်းများအတိုင်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်