Kickstart Your Career with AYA SOMPO 

AYA SOMPO အာမခံနှင့်အတူ လက်တွဲလုပ်ကိုင်လိုသော အထွေထွေအာမခံကိုယ်စားလှယ်များဖြစ်သည့် Insurance Solutions Advisors များကို ကြိုဆိုသည့်အနေဖြင့် Kickstart your Career with AYA SOMPO ပွဲကို ၂၀၂၃ ခုနှစ်၊ မေလ၊ ၃၀ ရက်နေ့တွင် ဧရာဆွန်ပိုအာမခံရုံးချုပ်၌ ကျင်းပခဲ့ပါတယ်။ ယခုပွဲမှတဆင့် မိတ်ဖက်အာမခံကိုယ်စားလှယ်များအကြား လူမှုကွန်ယက် ပိုမိုကျယ်ပြန့်စေရန်နှင့် Insurance Solutions Advisors များမှ ရေရှည်တည်တံ့ပြီး အများအကျိုးဖြစ်ထွန်းသော အာမခံစျေးကွက် ကောင်းမွန်တိုးတက်ရေးကို ဦးတည်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။


AYA SOMPO အာမခံ၏ Chief Executive Officer မှ အာမခံကိုယ်စားလှယ်အသစ်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားများ၊ Chief Operating Officer မှ မိတ်ဆက်မိန့်ခွန်း၊ Head of Agency Development မှ ဧရာဆွန်ပိုအာမခံနှင့်အတူ လက်တွဲလျှောက်လှမ်းရမည့် အာမခံကိုယ်စားလှယ်ခရီးစဉ်အကြောင်း ရှင်းလင်းချက်များနှင့် Director of Business Division တို့မှ ကျေးဇူးတင်စကားတို့အား အသီးသီး ပြောကြားခဲ့ကြပါတယ်။


ပျော်ရွှင်စရာကောင်းသောညနေခင်းကို ကျွန်တော်တို့ရဲ့ Insurance Solutions Advisor များနှင့်အတူ ဧရာဆွန်ပိုအာမခံ၏ Management Team နှင့် တရင်းတနှီးစကားပြောခြင်း၊ အဖွဲ့လိုက်ဓာတ်ပုံရိုက်ခြင်းများပြုလုပ်ပြီး တက်ရောက်လာသူများတွက် စိတ်လှုပ်ရှားဖွယ်ကောင်းသော the CiRCLE မှ giveaway များ ပြုလုပ်ပေးခဲ့ကြပါတယ်။
ကျွန်တော်တို့ Agency Team အနေဖြင့် အာမခံကိုယ်စားလှယ်များ၏ အာမခံပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ပံ့ပိုးပေးနိုင်ရန် အမြဲအသင့်ရှိနေပါတယ်။