Mid-Year Partners’ Appreciation Event

ဧရာဆွန်အာမခံနှင့်အတူလက်တွဲလုပ်ကိုင်လျက်ရှိသည့် မိတ်ဖက်အာမခံအကြံပေးကိုယ်စားလှယ်များ၏ ပံ့ပိုးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ကျေးဇူးတင်ကြောင်းဖော်ပြရန်နှင့် တန်ဖိုးမဖြတ်နိုင်သော ပံ့ပိုးမှုများကို အသိအမှတ်ပြုလိုသည့် ရည်ရွယ်ချက်ဖြင့် Mid-Year Partners’ Appreciation Event ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ၊ ၂၈ ရက်နေ့တွင် ဧရာဆွန်ပိုအာမခံရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။


ဧရာဆွန်ပိုအာမခံ၏ အမှုဆောင်အရာရှိချုပ်မှ မိတ်ဖက်အာမခံအကြံပေးကိုယ်စားလှယ်များ၏ စဥ်ဆက်မပြတ်ပံ့ပိုးမှုများအတွက် အထူးကျေးဇူးတင်စကားပြောကြားခြင်း၊ Head of Agency Development မှ အာမခံကိုယ်စားလှယ်များ၏ နေ့စဉ်လုပ်ငန်းဆောင်တာများလုပ်ဆောင်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် အာမခံဝယ်ယူသူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသည့် ရုံးချုပ်ရှိ Agency Lounge ကို မိတ်ဆက်ခြင်း၊ Star of AYA SOMPO Campaign အကြောင်းရှင်းပြခြင်းနှင့် Campaign Winner များအား ဆုချီးမြှင့်ခြင်းတို့အပြင် Director of Business Division မှ ကျေးဇူးတင်စကားပြောကြားခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။


တေးဂီတ Band ၏ ဖျော်ဖြေမှု၊ စိတ်လှုပ်ရှားဖွယ်ရာ ကံစမ်းမဲအစီအစဉ်များနှင့်အတူ အဖွဲ့လိုက်ဓာတ်ပုံအစီအစဉ်များဖြင့် အခမ်းအနားကို အောင်မြင်စွာပြုလုပ်ခဲ့ပါတယ်။