ATOM x AYA SOMPO Travel Pack (စိတ်ချခရီး)

ဤ “စိတ်ချခရီး“ သည် ATOM Myanmar နှင့် AYA SOMPO Insurance တို့ အတူတူ ပူးပေါင်းထား၍ ပြည်ပ ခရီးသွား အာမခံ ပက်ကေ့ချ်များ (AYA Joy ခရီးသွား အာမခံ) ကို Roaming ပက်ကေ့ချ်များနှင့် အတူ အက်တမ်စတိုး အက်ပ်တွင် အက်တမ် ဖုန်းဘေလ်ဖြင့် အလွယ်တကူ စျေးသက်သက်သာသာ ဝယ်ယူရရှိနိုင်သော ပက်ကေ့ချ်များ ဖြစ်ပါသည်။

“စိတ်ချခရီး” ခရီးသွားအာမခံသည် မြန်မာနိုင်ငံ ပြင်ပ သို့ ခရီးသွားစဉ်အတွင်း ကြုံတွေ့ရသော မတော်တဆမှု၊ ကိုယ်ခန္ဓာဒဏ်ရာ ရရှိမှု၊ မသန်စွမ်းမှုတို့အတွက် အကာအကွယ်ပေးပါသည်။ ဤပေါ်လစီသည် ခရီးစဉ်အတွင်း အဆင်မပြေမှုများကြောင့် ဖြစ်ပေါ်လာသော ကုန်ကျစရိတ်များကိုလည်း ကျခံပေးပါသည်။ ဝယ်ယူသူအနေဖြင့် အခြေခံအာမခံအကာအကွယ်ကို ဦးစွာဝယ်ယူနိုင်ပြီး ထပ်ဆောင်းအနေဖြင့် ခရီးဆောင်အိတ်ဆုံးရှုံးမှု အာမခံအကာအကွယ်များကိုလည်း ရွေးချယ်ဝယ်ယူနိုင်ပါသည်။

Roaming ပက်ကေ့ချ် ဝယ်ယူရင်း ခရီးသွား အာမခံ ဝယ်ယူလိုက်ပါ။
Edit Content
မြန်မာနိုင်ငံပြင်ပသို့ ခရီးသွားလာနေစဥ်မတော်တဆ ရုတ်တရက်ဖြစ်ပေါ်လာသော ပြင်ပသက်ရောက်မှုဖြစ်စဥ်များကြောင့် ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရရှိမှု၊ မသန်မစွမ်းဖြစ်မှု (သို့မဟုတ်) သေဆုံးမှုများဖြစ်ပေါ်လာပါက အကာကွယ်ပေးမည်ဖြစ်သည်။ ဤပေါ်လစီသည် မြန်မာနိုင်ငံပြင်ပသို့ ခရီးသွားလာနေစဥ်အတွင်း အဆင်မပြေဖြစ်မှုများကြောင့် ပေါ်ပေါက်လာသော ကုန်ကျစရိတ်များအားလည်း ကျခံပေးသွားမည်ဖြစ်သည်။

အကျိုးခံစားခွင့် Eco Plan (တစ်ဦးချင်းအစီအစဥ်)
အခြေခံအကာအကွယ် မတော်တဆ သေဆုံးခြင်း ဆေးကုသစရိတ်၊ဆေးရုံစရိတ်နှင့်အခြားကုန်ကျစရိတ်များ သိန်းတစ်ရာကျပ်
ဆေးကုသစရိတ်ဆေးရုံစရိတ်နှင့်အခြားကုန်ကျစရိတ်များ အများဆုံးသိန်းငါးရာကျပ်
တစ်ပါးသူထိခိုက်နစ်နာခြင်း  မတော်တဆ သေဆုံးခြင်း အများဆုံးသိန်း တစ်ထောင်ကျပ်
လေယာဥ်နောက်ကျခြင်း လေယာဥ်နောက်ကျခြင်း (၆ နာရီ ဆက်တိုက်နောက်ကျပါက ကျပ် ၅၀,၀၀၀ နှင့် ၆ နာရီနှင့်အထက်နောက်ကျပါက ကျပ် ၇၀,၀၀၀) ဆယ်သိန်း
ခရီးဆောင်အိတ် နောက်ကျခြင်း ခရီးဆောင်အိတ်နောက်ကျခြင်း (သတ်မှတ်ထားသော ဆိုက်ရောက်ရာနေရာတွင် check-in ၀င်ပြီး ၆ နာရီဆက်တိုက် နောက်ကျပါက ကျပ် ၅၀,၀၀၀) သုံးသိန်း
ရွေးချယ်နိုင်သော ခရီးဆောင်အိတ်များနှင့်ကိုယ်ရေးကိုယ်တာအိတ်များပျောက်ဆုံးခြင်း (တစ်ခုတည်းသို့မဟုတ်အစုံလိုက်အတွဲလိုက် ဆုံးရှုံးခြင်းများအတွက် ကျပ် ၂၀၀,၀၀၀) အများဆုံးဆယ်သိန်း
Edit Content

အသက် (၇၀) အောက်လူကြီးများ မြန်မာနိုင်ငံသားဖြစ်သူ၊ နိုင်ငံခြားသားဖြစ်ပါက မြန်မာနိုင်ငံ၌ တရားဝင်နေထိုင်ခွင့် ရရှိသူ (သို့) တရားဝင်အလုပ်လုပ်ကိုင်ခွင့် ရရှိသူနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ အသက် ရက် (၃၀) နှင့် (၁၈) နှစ်ကြား (သို့) အသိအမှတ်ပြု အဖွဲ့အစည်း တစ်ခုခုတွင် အချိန်ပြည့် ပညာသင်ကြားသူများအတွက် အသက် (၂၃) နှစ်အရွယ်အထိ အကျုံး၀င်ပါသည်။

Edit Content

အစီအစဥ်

တစ်ဦးချင်းအစီအစဥ်
ယခုအစီအစဥ်ကို၀ယ်ယူနိုင်သူသည် အသက် (၇၀) နှစ်အောက် မြန်မာနိုင်ငံသားဖြစ်ရမည်၊ နိုင်ငံခြားသားဖြစ်ပါက မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်သူ သို့မဟုတ် မြန်မာနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်နေသူဖြစ်ရပါမည်။

 

အာမခံကြေး

သင်ဝယ်ယူသည့် အစီအစဉ်ပေါ်မူတည်၍ အာမခံကြေး ကွာခြားပါမည်။

Edit Content
  1. ယခင်ကတည်းက ကြိုတင်ရှိနေသော ကျန်းမာရေးအခြေအနေများ။
  2. မိမိ ကိုယ်ကိုယ်အဆုံးစီရင်ခြင်း တမင်ရည်ရွယ်၍ မိမိကိုယ်ကိုအနာတရဖြစ်စေခြင်း။
  3. အရက်သေစာနှင့် မူးယစ်ဆေး၀ါးသုံးခြင်း။
  4. AIDS ခုခံအားကျဆင်းမှု ရောဂါ (သို့) ARC (AIDS နှင့် ဆက်စပ်၍ ဖြစ်ပေါ်သော ရောဂါများ) နှင့် HIV နှင့် ဆက်နွယ် သောရောဂါများ တိုက်ရိုက်ဖြစ်စေ သွယ်၀ှိုက်ဖြစ်စေ ဖြစ်ပေါ်စေသောရောဂါများ။
  5. ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးဖွားခြင်း (ခွဲစိတ်မွေးဖွားမှုအပါအဝင်) ၊ သန္ဓေသားဖျက်ချခြင်း၊ ကိုယ်ဝန်လျောကျခြင်းနှင့် သက်ဆိုင်ရာ ဖြစ်စဉ်များ။ ယင်းတွင် မတော်တဆမှုတစ်ခုခုမှတဆင့် တိုက်ရိုက်ခန္ဓာကိုယ် ထိခိုက်မှု ကြောင့်ဖြစ်ပေါ်လာသည့် သန္ဓေသားပျက်ကျမှု မပါဝင်ပေ။
  6. ဆရာ၀န်၏အကြုံပြုချက်အားဆန့်ကျင့်၍ ခရီးသွားလာခြင်း ၊ အရေးပေါ်မဟုတ်သည့်ရောဂါစစ်ဆေးမှုခံယူခြင်း။
  7. စိတ်ဝေဒနာ ရှိခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့ယွင်းနေခြင်း။
  8. အားကစားပြိုင်ပွဲတစ်ခုတွင် အခကြေးငွေ ရရှိရန်ပါ၀င်ခြင်း။
  9. အန္တရာယ်ရှိသောလှုပ်ရှားမှုများပြုလုပ်ခြင်း၊ယှဥ်ပြိုင်စီးနှင်းမောင်းနှင်ခြင်း၊ကျောက်ကမ်းပါးယံပေါ်တွင် တွယ်တက်သည့်အားကစားနည်းတွင်ပါ၀င်ခြင်း၊ကောင်းကင်ယံမှဒိုင်ဗင်ထိုးချခြင်း၊မိုးပျံပူဖောင်းစီးခြင်းစသည့် လှုပ်ရှားမှုများတွင်ပါ၀င်ခြင်းတို့ကြောင့်မတော်တဆထိခိုက်ဒဏ်ရာရရှိခြင်း။
  10. အခကြေးငွေပေးသည့် ခရီးသည်အနေနှင့် ပုံမှန်အချိန်ဇယားနှင့် ပြေးဆွဲနေသည့် လေကြောင်းလိုင်းတစ်ခု (သို့ ) စင်းလုံးငှားလေယာဥ်ဖြင့် စီးနှင်းလိုက်ပါခြင်း မဟုတ်သည့် ခရီးသွားလာမှု။
  11. တရားမ၀င်ဆောင်ရွက်မှုများ၊ ဥပဒေနှင့်မညီညွတ်သောအရာများ တို့ကြောင့်တိုက်ရိုက်ဖြစ်စေ သွယ်၀ှိုက်ဖြစ်စေ ဖြစ်ပေါ်သည့်ဆုံးရှုံးမှုများ။
  12. အငှားယူအသုံးပြုသော ပစ္စည်းကိရိယာတစ်စုံတစ်ရာ ပျက်စီးခြင်း။
  13. ကုန်သွယ်သင်္ဘောပေါ်တွင် ၀န်ထမ်း (သို့) ကာယလုပ်သားအဖြစ်တာ၀န်ထမ်းဆောင်ရခြင်း၊ စစ်ဆင်ရေးတွင်တာ၀န်ထမ်းဆောင်ရခြင်း၊ သင့်အလုပ်အကိုင်၏ တာ၀န်တစ်စိတ်တစ်ပိုင်းအဖြစ်နိုင်ငံရပ်ခြားသို့ သွားရောက်တာ၀န်ထမ်းဆောင်ရခြင်း။
  14. အပျော်တမ်းမဟုတ်သည့် ရေငုပ်ခြင်း၊ ရေနံတူးခြင်း၊ သတ္တုတူးဖော်ခြင်း၊ လုပ်ငန်းများလုပ်ဆောင်ခြင်း (သို့) ပေါက်ကွဲစေနိုင်သည့် ပစ္စည်းများအားကိုင်တွယ်အသုံးပြုရခြင်း။
  15. ဝေဟင်မှလေယာဥ် (သို့) အခြားယာဥ်စီးနှင်းလိုက်ပါ၍ တိုင်းတာခြင်း အပါအ၀င် ကမ်းလွန်တပ်ဆင်မှုများ (သို့) ဆောက်လုပ်မှုများ အား တိုင်းတာတွက်ချက်ခြင်း။
  16. စစ်ပွဲ၊ ကျူးကျော်မှု၊ နိုင်ငံရပ်ခြားမှရန်သူများ၏ ရန်လိုကျူးကျော်မှု၊ ပြည်တွင်းစစ်၊ ပုန်ကန်မှု၊ တော်လှန်ရေး၊ ပုန်ကန်မှု၊ သပိတ်မှောက်မှု၊ အဓိကရုဏ်း သို့မဟုတ် လူထုလှုပ်ရှားမှု၊ အကြမ်းဖက်မှုများ။
  17. နျူကလိယား လောင်စာဆီများကြောင့် ထွက်ရှိလာသော နျူကလိယားစွန့်ပစ်ပစ္စည်းများ၏ ရေဒီယိုသတ္တိကြွမှု၊ အခြားသော အန္တရယ်ရှိသည့်ပစ္စည်းများကြောင့် အိုင်းယွန်းအသွင်ကူးပြောင်းခြင်း။
  18. နောက်ဆက်တွဲဖြစ်ပေါ်လာသော ထိခိုက်ဆုံးရှုံးမှုအမျိုးမျိုး။
  19. အကြမ်းဖက်လုပ်ငန်းစဥ်များတွင်တိုက်ရိုက်ပါ၀င်လုပ်ဆောင်မှုများ။
Edit Content

Roam the World with ATOM & AYA Travel Insurance Package (ATOM x AYA SOMPO)

ATOM Store App အသုံးပြုသူများအတွက် အက်တမ် Data Roaming Package နှင့် ဧရာဆွန်ပိုအာမခံမှ AYA Joy Travel Insurance တို့ဖြင့် အဆင်ပြေစွာခရီးသွားနိုင်ရေးနှင့် သက်သက်သာသာဝယ်ယူနိုင်ရန် ဖြစ်ပါသည်။

ATOM Store App တွင် အက်တမ် ဖုန်းဘေလ်ဖြင့်သာ ဝယ်ယူနိုင်ပါသည်။ တခြား Banking ပေးချေမှုများဖြင့် ဝယ်ယူ၍မရပါ။

ခရီးသွားနေစဥ်မမျှော်လင့်ထားသော မတော်တဆမှု၊ ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေများ၊ လေယာဉ်ချိန် နောက်ကျခြင်း၊ ခရီးဆောင်အိတ်နောက်ကျခြင်း နှင့် ခရီးဆောင်အိတ်များ ပျောက်ဆုံးခြင်းများတို့ကြောင့် ဖြစ်ပေါ်လာသော ငွေရေးကြေးရေးဆုံးရှုံးမှု ပြသာနာကို အကာအကွယ်ပေးသောကြောင့် အရေးကြီးပါသည်။

မြန်မာနိုင်ငံသား၊ နိုင်ငံခြားသားဖြစ်ပါက မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်သူ သို့မဟုတ် တရားဝင်အလုပ်လုပ်ကိုင်နေသော အသက် ၇၀ နှစ်အောက်ဖြစ်သူများဝယ်ယူနိုင်ပါသည်။

ဟုတ်ကဲ့။ ခရီးသွားအာမခံကို Roaming Package တိုင်းတွင် ဝယ်ယူနိုင်ပါသည်။ နောက်ထပ် roaming packs အသေးစိတ်များကို ATOM Store တွင် ကြည့်ရှုနိုင်ပါသည်။

Roaming ပက်ကေ့ဂျ်များ၏ သက်တမ်းအလိုက် ခရီးသွားအာမခံဈေးနှုန်းများသည် ကွဲပြားပါသည်။ Roaming ပက်ကေ့ချ်များမှာ ၃ ရက်၊ ၇ ရက်၊ ၁၄ ရက်၊ ၁၅ ရက် ရှိပါသည်။

အာမခံထားသူ မတော်တဆမှုတစ်စုံတစ်ရာတွေ့ကြုံပါက ဆက်သွယ်နိုင်ရန် မိမိ ယုံကြည်ရသောသူ မိသားစု၀င် အဖေ အမေ မောင်နှမ သို့မဟုတ် ဇနီး/ယောကျာ်း တို့၏ အချက်လက်များကို ဖြည့်ပေးနိုင်ပါသည်။

အခြေခံအကာအကွယ်အနေနှင့် မတော်တဆ သေဆုံးခြင်း၊ ဆေးကုသစရိတ် ဆေးရုံစရိတ်နှင့် အခြားကုန်ကျမှုများ၊ တစ်ပါးသူထိခိုက်နစ်နာခြင်း များပါဝင်ပြီး လေယာဉ်နောက်ကျခြင်း၊ ခရီးဆောင်အိတ်နောက်ကျခြင်း တို့အတွက် အကာအကွယ်ရရှိပါသည်။ ထို့အပြင် ခရီးဆောင်အိတ် ဆုံးရှုံးမှုအတွက် အပိုအကာကွယ်အနေနှင့် ဝယ်ယူနိုင်ပါသည်။

ခရီးသွား အာမခံ
အခြေခံအာမခံအကာအကွယ်
  • မတော်တဆ သေဆုံးခြင်း (သိန်း တစ်ရာကျပ်)
  • ဆေးကုသစရိတ်၊ဆေးရုံစရိတ်နှင့်အခြားကုန်ကျစရိတ်များ (အများဆုံးသိန်းငါးရာ)
  • တစ်ပါးသူထိခိုက်နစ်နာခြင်း (အများဆုံးသိန်းတစ်ထောင်ကျပ်)
  • လေယာဥ်နောက်ကျခြင်း (ဆယ်သိန်း - ၆ နာရီ ဆက်တိုက် နောက်ကျပါက ကျပ် ၅၀,၀၀၀ နှင့် ၆ နာရီနှင့်အထက် နောက်ကျပါက ကျပ် ၇၀,၀၀၀)
  • ခရီးဆောင်အိတ်နောက်ကျခြင်း (သုံးသိန်း - သတ်မှတ်ထားသော ဆိုက်ရောက်ရာနေရာတွင် check-in ၀င်ပြီး ၆ နာရီဆက်တိုက် နောက်ကျပါက ကျပ် ၅၀,၀၀၀)
ခရီးဆောင်အိတ်ဆုံးရှုံးခြင်း အကာအကွယ် (ရွေးချယ်နိုင်သော အပိုအာမခံ)
အများဆုံး ဆယ်သိန်း - တစ်ခုတည်း သို့ အစုံလိုက် သို့ အတွဲလိုက်ဆုံးရှုံးခြင်းများအတွက် ကျပ် ၂၀၀,၀၀၀
(အခြေခံအကာအကွယ် မပါဝင်ဘဲဝယ်ယူ၍မရပါ။)

ခရီးသွားအာမခံများ ဝယ်ယူမှု အောင်မြင်ပါက အက်တမ်မြန်မာ မှ SMS စာတိုပေးပို့မည်ဖြစ် ပြီး AYA SOMPO မှ SMS စာတို နှင့်အီးမေးလ် ပေးပို့မည်ဖြစ်ပါသည်။

မရနိုင်ပါ။ သို့သော် ခရီးသွားအာမခံ ကို Roaming ပက်ကေ့ချ်များနှင့် အတူတူ ATOM Store app တွင်ထပ်မံဝယ်ယူနိုင်ပါသည်။

လျော်ကြေးတောင်းခံရန် E- Claim Form အား ဧရာဆွန်ပို Website တွင်တင်နိုင်ပါသည်။

Customer များအနေဖြင့် AYA SOMPO မှချမှတ်ထားသော အာမခံအကာအကွယ်တွင် အကျုံးမဝင်သောအချက်များအား သိရှိထားရန်လိုပါသည်။

အကျိုးကျေးဇူးများ Eco Plan (တစ်ဦးချင်းအစီစဥ်)
အခြေခံအကာအကွယ် မတော်တဆ သေဆုံးခြင်း ဆေးကုသစရိတ်၊ဆေးရုံစရိတ်နှင့်အခြားကုန်ကျစရိတ်များ လျော်ကြေးကိစ္စဆောင်ရွက်ရန် Call Center သို့ဖုန်းခေါ်ပါ 09 777 100 999 or E-Claim https://ayasompo.com/eclaim-form/
တစ်ပါးသူထိခိုက်နစ်နာခြင်း မတော်တဆ သေဆုံးခြင်း
ဆေးကုသစရိတ်၊ဆေးရုံစရိတ်နှင့်အခြားကုန်ကျစရိတ်များ လိုအပ်သော အချက်အလက်များနှင့် စာရွက်စာတမ်းများကို တောင်းဆိုပါမည်။
လေယာဥ်နောက်ကျခြင်း လေယာဥ်နောက်ကျခြင်း (၆နာရီဆက်တိုက်နောက်ကျပါကကျပ်၅၀,၀၀၀နှင့်၆နာရီဆက်တိုက်ထက်ပို၍ နောက်ကျပါက ကျပ် ၇၀,၀၀၀) သင်၏ခရီးစဥ်နောက်ခြင်းအတွက် လိုအပ်သော စာရွက်စာတမ်းများ
ခရီးဆောင်အိတ်နောက်ကျခြင်း (သတ်မှတ်ထားသောဆိုက်ရောက်ရာနေရာတွင်Check-inဝင်ပြီး ၆နာရီဆက်တိုက် နောက်ကျပါက ကျပ် ၅၀,၀၀၀) သက်ဆိုင်ရာ carrier မှ Baggage ကျန့်ကြာမှုအတွက်အစီရင်ခံစာ
တစ်ခြားသော ရွေးချယ်နိုင်မှု ခရီးဆောင်အိတ်များနှင့်ကိုယ်ရေးကိုယ်တာအကျိုးများဆုံးရှုံးခြင်း ထိခိုက်ပျက်စီးသွားသောပစ္စည်းများ၏တန်ဖိုး သိရှိရန် ပြေစာ သို့မဟုတ် အကြွေးဝယ်ကတ်