Receiving of “ISO 9001:2015” International Quality Management System Certification by AYA SOMPO Insurance

မြန်မာပြည်သူပြည်သားများ၏ လူနေမှုဘဝတိုးတက်မြင့်မားရေးအတွက် နိုင်ငံတကာ အဆင့်မှီနည်းပညာများ၊ လုံခြုံစိတ်ချရသော အာမခံအကာအကွယ်များနှင့် ခိုင်မာတောင့်တင်းလာသော ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များ လုပ်ဆောင်လျက်ရှိသော AYA SOMPO အာမခံကုမ္ပဏီကို Guardian Independent Certification (Myanmar) မှ ပေးအပ်သည့် အရည်အသွေးနှင့် စီမံခန့်ခွဲမှုစနစ်များအတွက် ISO 9001:2015 အသိအမှတ်ပြုလက်မှတ်ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ၊ ၉ ရက်နေ့တွင် လက်ခံရရှိခဲ့သည်။

အဆိုပါ Guardian Independent Certification (Myanmar) အနေဖြင့် AYA SOMPO အာမခံ၏

  • အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ပြဌာန်းထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ Customer များ၏ လိုအပ်ချက်နှင့် ကိုက်ညီသော ဝန်ဆောင်မှုများကို တစ်သမတ်တည်း ပေးစွမ်းခြင်း
  • တူညီသော အာမခံဝန်ဆောင်မှုများဖြင့် Customer များ၏ စိတ်ကျေနပ်မှုရှိစေရန် ဝန်ဆောင်မှုပေးခြင်း
  • ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များနှင့် အခွင့်အလမ်းများအား ကုမ္ပဏီ၏ ရည်မှန်းချက်နှင့် ကိုက်ညီပြီး ကောင်းမွန်စွာ ကိုင်တွယ်လုပ်ဆောင်နိုင်ခြင်း
  • သတ်မှတ်ထားသော အရည်အသွေးစီမံခန့်ခွဲမှုစနစ် (QMS) နှင့်အညီ ကိုက်ညီစွာ လုပ်ဆောင်နိုင်ခြင်းတို့အပြင်
  • လူ့အဖွဲ့အစည်းနှင့် လူမှုအကျိုးပြုပူးပေါင်းဆောင်ရွက်ချက်များကိုပါ ကြည့်ရှု့စစ်ဆေးပြီးမှ အဆိုပါ Quality Management System (QMS) အရည်အသွေးစီမံဆောင်ရွက်မှုအတွက် ISO 9001:2015 အသိအမှတ်ပြုလက်မှတ်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။