07 Sep 2019 Joint Venture Agreement Signing Ceremony Posted at 5:43 မနက် in News & Events by May Khaing 0 Likes ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့တွင် ဧရာမြန်မာအထွေထွေအာမခံကုမ္ပဏီလီမိတက် (AYA Myanmar General Insurance Co.,Ltd) နှင့် Sompo Japan Nipponkoa Insurance Inc. တို့၏ အကျိူးတူလုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်း လက်မှတ်ရေးထိုးပွဲအခမ်းအနားအား Novotel Yangon Max၊ Pathein Ballroom တွင် ကျင်းပခဲ့ပါသည်။ထိုအခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Ichiro Maruyama၊ ဧရာမြန်မာအထွေထွေအာမခံ ဥက္ကဌ ဦးဇော်ဇော်၊ ဒုဥက္ကဌ ဦးသန်းဇော်နှင့် တာဝန်ရှိသူများ၊ Sompo Holdings နှင့် Sompo Japan Nipponkoa Insurance Inc မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သတင်းနှင့်စာနယ်ဇင်း မီဒီယာများမှ စုံလင်စွာတက်ရောက်ခဲ့ကြပါသည်။မြန်မာ့အာမခံနယ်ပယ်၌ အသက်အာမခံနှင့်အထွေထွေအာမခံလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ဦးဆောင်အဖွဲ့အစည်းကြီးတစ်ခုဖြစ်လာစေရေးကို ဦးတည်ကာ ဧရာမြန်မာအာမခံကို ၂၀၁၃ ခုနှစ် ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ဧရာမြန်မာအာမခံကုမ္ပဏီလီမိတက် (AYA Myanmar Insurance Co, Ltd.) သည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဧရာမြန်မာအထွေထွေအာမခံကုမ္ပဏီလီမိတက် (AYA Myanmar General Insurance Co, Ltd.) နှင့် ဧရာမြန်မာအသက်အာမခံကုမ္ပဏီလီမိတက် (AYA Myanmar Life Assurance Co, Ltd.) အမည်များဖြင့် အထွေထွေအာမခံနှင့် အသက်အာမခံ သီးခြားလုပ်ငန်းလိုင်စင်ကို ၂၀၁၉ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် လုပ်ကိုင်ခွင့်ရရှိထားပါသည်။Sompo Japan Nipponkoa Insurance Inc. သည် ၂၀၁၅ခုနှစ်၌ သီလဝါအထူးစီးပွားရေးဇုန်တွင် ပထမဦးဆုံး လုပ်ငန်းလိုင်စင်ရရှိခဲ့သော နိုင်ငံခြား အာမခံကုမ္ပဏီကြီးတစ်ခုအနေဖြင့် အာမခံ ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်လျက်ရှိသော အာမခံလုပ်ငန်းအား ဧရာမြန်မာအထွေထွေအာမခံကုမ္ပဏီနှင့် Sompo Japan Nipponkoa Insurance Inc တို့ အကျိုးတူပူးပေါင်းခြင်းအားဖြင့် ရေရှည်တွင် ကုမ္ပဏီများနှင့် မြန်မာနိုင်ငံအတွက် ပိုမိုကောင်းမွန်သော ပြောင်းလဲမှုများ၊ ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်လာနိုင်သည်ဟု ယုံကြည်ပါသည်။