Auto Services Connect Event

ဧရာဆွန်ပိုအာမခံ၏ အာမခံထားသူများအတွက် ကားပြင်ဆင်မှုဆိုင်ရာ ဝန်ဆောင်မှုများပေးနေသော မိတ်ဖက် Auto Services Center များတွေ့ဆုံပွဲ “Auto Services Connect” ကို ၂၀၂၃ ဇွန်လ ၉ ရက်နေ့တွင် ဧရာဆွန်ပိုအာမခံရုံးချုပ်တွင် ကျင်းပခဲ့ပါတယ်။

အဆိုပါ တွေ့ဆုံပွဲတွင် ဧရာဆွန်ပိုအာမခံ လျော်ကြေးဌာနမှ တာဝန်ရှိသူများနှင့် Auto Services Center များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ လုပ်ငန်းဆောင်တာများ ဆွေးနွေးခြင်း၊ အာမခံထားသူများအတွက် ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ထပ်မံလုပ်ဆောင်ရမည့် လုပ်ငန်းသစ်၊ နည်းစနစ်သစ်များနှင့် Auto Services Center များ၏ အရေးပါသော အခန်းကဏ္ဍများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

ဧရာဆွန်ပိုအာမခံ၏ လက်တွဲတူယှဉ်ထာဝစဥ်ဆိုသော ဆောင်ပုဒ်အတိုင်း ဆန်းသစ်ပြီး ပိုမိုကောင်းမွန်သော အာမခံဝန်ဆောင်မှုများကို ပေးဆောင်နိုင်ရန်အတွက် ဧရာဆွန်ပိုအာမခံနှင့် Auto Services Center များအကြား နှစ်ဦးနှစ်ဖက် အပြန်အလှန်နားလည်မှုများ မြှင့်တင်နိုင်ခဲ့တဲ့အတွက် Auto Services Connect တွေ့ဆုံပွဲသို့ တက်ကြွစွာ ပူးပေါင်း ဆွေးနွေးပါဝင်သူအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။