22 Sep 2020 Health Insurance Coverage Vs Saving Money for Medical Expenses (without an insurance) Posted at 3:16 ညနေ in News & Events by May Khaing 0 Likes (၂) ချက်လုံးက ကျန်းမာရေး အတွက် ကုန်ကျမယ့် စရိတ်တွေကို ကြိုတင်ကာကွယ်တဲ့ နည်းလမ်းတွေပါပဲ။ ဒါပေမယ့် ခြားနားချက်တွေက ဘာဖြစ်နိုင်မလဲ?ကျန်းမာရေးစရိတ် စုဆောင်းထားခြင်း• ကျန်းမာရေးစရိတ်တွေကို သီးသန့်ဖယ်ပြီး စုဆောင်းထားတယ်ဆိုတာ ကောင်းမွန်တဲ့အချက်ဖြစ်ပေမယ့် ကြိုတင်မမြင်နိုင်တဲ့ ဆေးကုသစရိတ်တွေအတွက် စိုးရိမ်ပူပန်မှုတွေနဲ့အတူ စိတ်ဖိစီးမှုတွေကို ခံစားရမှာပါ။• ပိုမိုကုန်ကျနိုင်တဲ့ကျန်းမာရေးစရိတ်တွေကြောင့် ကိုယ့်ရည်မှန်းချက်တွေကို ထိခိုက်နိုင်ပါတယ်။• မကြာခဏ ကျန်းမာရေးချို့တဲ့ပါက စုဆောင်းထားတာထက် ကုန်ကျစရိတ်တွေ ပိုလာနိုင်ပါတယ်။• ဆေးကုသဖို့အတွက် နှောင့်နှေးမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။• မိမိသာမက မိသားစုဝင်တွေပါ စိတ်ဖိစီး ပင်ပန်းမှုတွေနဲ့ ကြုံလာနိုင်ပါတယ်။ကျန်းမာရေးအာမခံထားခြင်း• ကျန်းမာရေးအာမခံကို ကြိုတင်ရယူထားမယ်ဆိုရင်တော့ အရေးကြုံရင် လက်တွဲကူညီပေးမယ့် အကာအကွယ်တစ်ခုရှိမှာဖြစ်ပါတယ်။• ဆေးကုသစရိတ်တွေကို အတိုင်းအတာတစ်ခုထိ ထောက်ပံ့ကူညီပေးမှာဖြစ်လို့ စိတ်အေးချမ်းသာစွာဖြင့် ကုသမှုခံယူနိုင်ပါတယ်။• ဆေးကုသစရိတ်အတွက် စိုးရိမ်မှုမရှိပဲ လျင်မြန်စွာ ဆေးကုသမှု ခံယူနိုင်ပါတယ်။• ကိုယ့်ရည်မှန်းချက်အတွက် ဆက်လက်လုပ်ဆောင်နိုင်မယ်။• မိမိသာမက မိသားစုဝင်တွေပါ စိတ်အေးချမ်းသာစွာနဲ့ နေထိုင်နိုင်မယ်။ကျန်းမာရေးအာမခံနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ayasompo.com/make-online-appointment/ သို့ ဝင်ရောက်ပြီး Online Booking ဖြင့် Appointment ကြိုတင်ရယူနိုင်သလို Customer Service Hotline – 09 777 100 555 သို့ဆက်သွယ်၍လည်း ဝန်ဆောင်မှု ရယူနိုင်ပါသည်။