AYA SOMPO helps provide needs of COVID-19 cases with Health Insurance Compensation

COVID-19 ဗိုင်းရပ်စ် ရောဂါကူးစက်မှုများ များပြားလာသည်နှင့်အတူ COVID-19 Positive လူနာများအနေဖြင့် အနည်းနှင့်အများ ဆုံးရှုံးမှုများ ဖြစ်လျက်ရှိပါတယ်။ AYA SOMPO အာမခံမှ ကျန်းမာရေးအာမခံဝယ်ယူထားသည့် COVID-19 Positive လူနာများအား တစ်ထောင့်တစ်နေရာမှ အထောက်အပံ့တစ်ခုအဖြစ် ကျန်းမာရေးအာမခံ ဆေးကုသစရိတ်များကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။

COVID – 19 ကြောင့် ဖြစ်ပေါ်သည့်ဆုံးရှုံးမှုများကို အကာအကွယ်ပေးသည့် ပထမဆုံးကုမ္ပဏီဖြစ်သည့်အတွက် လျော်ကြေးဝန်ဆောင်မှုများ အဆင်ပြေ မြန်ဆန်စေရန်နှင့် ဝန်ထမ်းများ၏ ကျန်းမာရေးလုံခြုံမှုကို ရှေးရှု၍ လျော်ကြေးငွေများ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ယခုကဲ့သို့ ခက်ခဲချိန်တွင် ပြည်သူများ၏ အဆင်ပြေမှုကို ဦးစားပေးပြီး ရှေ့တန်းမှနေ၍ လျော်ကြေးဝန်ဆောင်မှုများ ပေးနိုင်ရန် ဆောင်ရွက်ပေးနေသည့် AYA SOMPO အာမခံမှ ဝန်ထမ်းများအား အထူးကျေးဇူးတင်ရှိပါသည်။ 

“Your Partner for Life” ဟူသည့် AYA SOMPO အာမခံ၏ ဆောင်ပုဒ်နှင့်အညီ AYA SOMPO အာမခံမှ ယခုကဲ့သို့ ခက်ခဲသော အချိန်ကာလများတွင် ပြည်သူများအတွက် တစ်ထောင့်တစ်နေရာမှ လက်တွဲကူညီခွင့်ရရှိသည့်အတွက် ဂုဏ်ယူမိပါကြောင်းနှင့် ဆက်လက်၍လည်း မြန်မာပြည်သူများ၏ အခက်အခဲများကို လက်တွဲကူညီပေးဖို့အတွက် အသင့်ရှိနေမှာ ဖြစ်ပါတယ်။