AYA SOMPO Insurance launches first-of-its-kind Comprehensive Travel Insurance in Myanmar for Domestic and International Travels in collaboration with Oway

ခရီးစဉ်တိုင်းကို ခြေလှမ်းတစ်လှမ်းမှ အစပြုရတာဖြစ်သလို ထိုခြေလှမ်းတစ်လှမ်းစီတိုင်းမှာလဲ အမှတ်တရများပါဝင်ပါတယ်။

AYA SOMPO အာမခံအနေနဲ့ မြန်မာနိုင်ငံရဲ့ အဆန်းသစ်ဆုံး အလုံးစုံခရီးသွားအာမခံဖြစ်သည့် 

AYA Go ပြည်တွင်းခရီးသွားအာမခံ နှင့် AYA Joy ပြည်ပခရီးသွားအာမခံတို့ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ခရီးစဉ်အမှတ်တရတိုင်းကို သိမ်းဆည်းထားနိုင်ရန်အတွက် အာမခံအဖော်မွန်ကောင်းလိုအပ်ပါတယ်။

AYA Go နှင့် AYA Joy ခရီးသွားအာမခံတို့သည် ပြည်တွင်းပြည်ပခရီးသွားမြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးခံစားခွင့်များ၊ ပိုမိုသက်သာသော ပရီမီယံကြေးများနှင့် အကာအကွယ်အပြည့်အစုံများကိုပေးစွမ်းနိုင်သည့် ပထမဦးဆုံး အလုံးစုံခရီးသွားအာမခံများဖြစ်သည်။ ပြည်တွင်းပြည်ပခရီးသွားလာမှု ဆိုင်းငံ့ထားခြင်းများပြေလျော့လာသည်နှင့်အညီ AYA Go နှင့် AYA Joy မှာ ခရီးသွားများအတွက် မှန်ကန်သင့်လျော်သော ခရီးသွားအာမခံအကာအကွယ်များပေးစွမ်းနိုင်ရန် အချိန်ကိုက် ရောက်ရှိလာသောအာမခံအကာအကွယ်များဖြစ်ပါသည်။

ယခုကျင်းပပြုလုပ်သည့် လက်မှတ်ထိုးပွဲမှာလည်း AYA SOMPO နှင့် Oway တို့၏ မိတ်ဖက်ဖြစ်ကြောင်းကြေငြာခြင်းပွဲပင်ဖြစ်သည်။ မကြာမီအချိန်အတွင်း https://oway.com.mm/ တွင် AYA Go နှင့် AYA Joy တို့အား စတင်ဝယ်ယူနိုင်တော့မှာဖြစ်သည်။