30 Dec 2020
AYA SOMPO Insurance launches first-of-its-kind Comprehensive Travel Insurance in Myanmar for Domestic and International Travels in collaboration with Oway
AYA SOMPO အာမခံအနေနဲ့မြန်မာနိုင်ငံရဲ့အဆန်းသစ်ဆုံးအလုံးစုံခရီးသွားအာမခံဖြစ်သည့်
AYA Go ပြည်တွင်းခရီးသွားအာမခံနှင့် AYA Joy ပြည်ပခရီးသွားအာမခံတို့ကိုစတင်မိတ်ဆက်ပေးခဲ့ပါတယ်။ခရီးစဉ်အမှတ်တရတိုင်းကိုသိမ်းဆည်းထားနိုင်ရန်အတွက်အာမခံအဖော်မွန်ကောင်းလိုအပ်ပါတယ်။
AYA Go နှင့် AYA Joy ခရီးသွားအာမခံတို့သည်ပြည်တွင်းပြည်ပခရီးသွားမြန်မာပြည်သူများအတွက်ပိုမိုကောင်းမွန်သောအကျိုးခံစားခွင့်များ၊ပိုမိုသက်သာသောပရီမီယံကြေးများနှင့်အကာအကွယ်အပြည့်အစုံများကိုပေးစွမ်းနိုင်သည့်ပထမဦးဆုံးအလုံးစုံခရီးသွားအာမခံများဖြစ်သည်။ပြည်တွင်းပြည်ပခရီးသွားလာမှုဆိုင်းငံ့ထားခြင်းများပြေလျော့လာသည်နှင့်အညီ AYA Go နှင့် AYA Joy မှာခရီးသွားများအတွက်မှန်ကန်သင့်လျော်သောခရီးသွားအာမခံအကာအကွယ်များပေးစွမ်းနိုင်ရန်အချိန်ကိုက်ရောက်ရှိလာသောအာမခံအကာအကွယ်များဖြစ်ပါသည်။
ယခုကျင်းပပြုလုပ်သည့်လက်မှတ်ထိုးပွဲမှာလည်း AYA SOMPO နှင့် Oway တို့၏မိတ်ဖက်ဖြစ်ကြောင်းကြေငြာခြင်းပွဲပင်ဖြစ်သည်။မကြာမီအချိန်အတွင်းhttps://oway.com.mm/တွင် AYA Go နှင့် AYA Joy တို့အားစတင်ဝယ်ယူနိုင်တော့မှာဖြစ်သည်။
We use cookies to ensure that we give you the best experience on our website. If you continue to use this site we will assume that you are happy with it.