AYA SOMPO အာမခံမှ မြန်မာပြည်သူပြည်သားများအတွက် ပိုမိုကောင်းမွန်ပြီး ကာကွယ်စိတ်ချမှုအပြည့်ပေးနိုင်မယ့် ပြည်တွင်းခရီးစဥ်များအတွက် AYA Go Travel အာမခံနှင့် ပြည်ပခရီးစဥ်များအတွက် AYA Joy Travel အာမခံတို့ပါဝင်သည့် အလုံးစုံခရီးသွားအာမခံ အမျိုးအစားသစ်ကို ယနေ့တွင် AYA SOMPO အာမခံ ရန်ကုန်ရုံးချုပ်၌ မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။
မိတ်ဆက်ပေးသည့် AYA Go နှင့် AYA Joy ခရီးသွားအာမခံသည် မြန်မာနိုင်ငံ၏ ပထမဆုံး အလုံးစုံခရီးသွားအာမခံ အမျိုးအစားများဖြစ်သည်နှင့်အညီ ပြည်သူလူထုများဆီသို့ သူမတူသော ထူးခြားသည့် အာမခံအကာအကွယ်များကို ပေးသွားမှာ ဖြစ်ပါတယ်။
ဆက်လက်ပြီး AYA Pay နှင့် နှစ်ဦးသဘောတူလက်မှတ်ရေးထိုး၍ ခရီးသွားအာမခံအသစ်များကို မကြာခင် AYA Pay mobile wallet တွင် ဝယ်ယူနိုင်တော့မှာ ဖြစ်သလို AYA SOMPO အာမခံ Website – www.ayasompo.com ၊ AYA Bank ဘဏ်ခွဲများနှင့် AYA SOMPO Lounge များတွင်လည်း ယခုမှစ၍ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။
We use cookies to ensure that we give you the best experience on our website. If you continue to use this site we will assume that you are happy with it.