Login to portal Join our team To be an Exclusive Advisor For Existing Advisors reach your potential Login to portal Join our team To be an Exclusive Advisor For Existing Advisors BE AN ADVISOR
Edit Content

အာမခံကိုယ်စားလှယ်လောင်းများအတွက် အရည်အချင်းသတ်မှတ်ချက်များ

အာမခံကိုယ်စားလှယ်လောင်းတစ်ဦးသည် အောက်ဖော်ပြပါ အချက်များနှင့် ကိုက်ညီရမည်

၁။ မြန်မာနိုင်ငံတွင် အခြေချနေထိုင်သူဖြစ်ရမည်

၂။ အသက် (၁၈) နှစ်ပြည့်ပြီးသူ ဖြစ်ရမည်

၃။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ပြီးသူဖြစ်ရမည် သို့မဟုတ် တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူဖြစ်ပါက အာမခံနယ်ပယ်တွင် လုပ်သက် (၅) နှစ်ရှိသူ ဖြစ်ရမည်

၄။ လူမွဲအဖြစ် ကြေညာခြင်းခံရသူ မဖြစ်စေရ

၅။ ပြစ်မှုထင်ရှားစီရင်ခံရသူ မဖြစ်စေရ

၆။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက် အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့မှုတို့တွင် ပါဝင်ပတ်သက်မှု မဖြစ်စေရ

၇။ အာမခံကိုယ်စားလှယ် သို့မဟုတ် အကျိုးဆောင်လိုင်စင် ထုတ်ပေးရန် ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် ရုတ်သိမ်းခြင်းခံရသူ မဖြစ်စေရ

၈။ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက အခါအားလျော်စွာထုတ်ပြန်သည့် အခြားလိုအပ်ချက်များနှင့် ကိုက်ညီရမည်

အာမခံကိုယ်စားလှယ်လိုင်စင်ရရှိရန် လိုအပ်ချက်များ
အထွေထွေအာမခံ ကိုယ်စားလှယ်လိုင်စင်အတွက် လျှောက်ထားသူတစ်ဦးသည် အောက်ပါလိုအပ်ချက်များကို ဖြည့်ဆည်းပေးရပါမည်

၁။ အာမခံကိုယ်စားလှယ် သင်တန်း သို့မဟုတ် သက်ဆိုင်ရာ အာမခံကုမ္ပဏီမှ ပို့ချသော အာမခံသင်တန်း တက်ရောက်ထားသူဖြစ်ရမည်

၂။ အာမခံကိုယ်စားလှယ်သင်တန်းမှ ပြုလုပ်သော အရည်အချင်းစစ်စာမေးပွဲကို အောင်မြင်ပြီးသူ ဖြစ်ရမည်

၃။ အာမခံကိုယ်စားလှယ်လိုင်စင်ထုတ်ပေးရန်အတွက် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ထံမှ ခွင့်ပြုချက်ရယူရမည်

ကော်ပိုရိတ်အာမခံကိုယ်စားလှယ်လောင်းများအတွက် အရည်အချင်းသတ်မှတ်ချက်များ

ကော်ပိုရိတ် အာမခံကိုယ်စားလှယ်သည် အောက်ပါအရည်အချင်းသတ်မှတ်ချက်များကို ဖြည့်ဆည်းပေးရပါမည်

၁။ ကော်ပိုရိတ်အာမခံကိုယ်စားလှယ်မှ လုပ်ငန်းဆောင်ရွက်ရာတွင် ပါဝင်ပတ်သက်သူတိုင်းသည် တရားဝင်အာမခံ ကိုယ်စားလှယ်လိုင်စင်များ ရှိရမည်

၂။ ကော်ပိုရိတ်အာမခံကိုယ်စားလှယ်အဖြစ် စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန် ရည်ရွယ်ထားသည့် ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုတွင် တရားဝင်အာမခံလိုင်စင်ရှိသူ အနည်းဆုံး သုံးဦးပါဝင်ရမည်

၃။ အာမခံလုပ်ငန်း ဥပဒေ၊ သက်ဆိုင်ရာ စည်းမျဉ်းများ၊ ညွှန်ကြားချက်များ သို့မဟုတ် အခြား တည်ဆဲ ဥပဒေများအရ ချမှတ်ထားသော ညွှန်ကြားချက်များကို လိုက်နာမှုမရှိခြင်း မရှိစေရ

၄။ ကော်ပိုရိတ်အာမခံကိုယ်စားလှယ်ထံရှိ မည်သည့်ဝန်ထမ်းများမဆို အခြားအာမခံလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရပါ

၅။ ကော်ပိုရိတ်အာမခံကိုယ်စားလှယ်သည် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တောင်းခံသော အခြားလိုအပ်ချက်များကို အချိန်နှင့်တပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးရမည်

ကော်ပိုရိတ်အာမခံကိုယ်စားလှယ်လိုင်စင်ရရှိရန် လိုအပ်ချက်များ
အာမခံကိုယ်စားလှယ်လိုင်စင်လျှောက်ထားရန် အောက်ဖော်ပြပါအချက်များကို တင်ပြရန် လိုအပ်ပါသည်

၁။ မှတ်ပုံတင်ထားသော ကုမ္ပဏီအမည်နှင့် လျှောက်ထားသည့် နေ့စွဲ (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် ကုမ္ပဏီမှတ်ပုံတင်အထောက်အထား)

၂။ ရုံးချုပ်လိပ်စာနှင့် တာဝန်ခံ အာမခံကိုယ်စားလှယ်အမည်

၃။ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၏ အသေးစိတ်အချက်အလက်များ

၄။ ကုမ္ပဏီအသင်းအဖွဲ့စည်းမျဉ်း

၅။ အာမခံကိုယ်စားလှယ်စာရင်းနှင့် လိုင်စင်ကဒ်မိတ္တူများ

၆။ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တောင်းခံသော အခြားလိုအပ်ချက်များ

၇။ အနည်းဆုံး မတည်ငွေ ကျပ် ၁၅,၀၀၀,၀၀၀

Edit Content

အဆင့် (၁)

ဧရာဆွန်ပို အာမခံကုမ္ပဏီ၏ အာမခံကိုယ်စားလှယ်ဖြစ်ရန် စာရင်းပေးသွင်းခြင်း

အဆင့် (၂)

အာမခံကိုယ်စားလှယ်လိုင်စင်သင်တန်း တက်ရောက်ခြင်း

အဆင့် (၃)

ဧရာဆွန်ပို အာမခံကုမ္ပဏီတွင် ရရှိနိုင်သော အာမခံအမျိုးအစားများအကြောင်း လေ့လာခြင်း

အဆင့် (၄)

အာမခံကိုယ်စားလှယ်လိုင်စင်စာမေးပွဲဖြေဆိုအောင်မြင်၍ လိုင်စင်ရရှိခြင်း

အဆင့် (၅)

ဧရာဆွန်ပို အာမခံကုမ္ပဏီ၏ သီးသန့်အခွင့်အရေးရှိသော အာမခံကိုယ်စားလှယ်အဖြစ် ရပ်တည်ခြင်း

Edit Content
Edit Content
Learn from Industry Professionals​
Invitation to Seminars and Forums
Interactive Discussions​
24/7 Online Learning Portal​
Edit Content
Interact with Fellow Professionals​
Meet and Greet Market Leaders​
Attend By-Invitation-Only Networking Events​
Edit Content
Highflyer Award for Sales Excellence​
Quarterly Performance Award​
An Exclusive Top Performers Club​
Awards to Highlight Achievements​
Edit Content
A Testament to Your Success​
Be Awarded at Exclusive Events​
Get Featured on AYA SOMPO’s Agency Website​
Edit Content
Learn from Industry Professionals​
Invitation to Seminars and Forums
Interactive Discussions​
24/7 Online Learning Portal​
Edit Content
Interact with Fellow Professionals​
Meet and Greet Market Leaders​
Attend By-Invitation-Only Networking Events
Attend By-Invitation-Only Networking Events
Edit Content
Highflyer Award for Sales Excellence​
Quarterly Performance Award​
An Exclusive Top Performers Club
Awards to Highlight Achievements
Edit Content
A Testament to Your Success​
Be Awarded at Exclusive Events​
Get Featured on AYA SOMPO’s Agency Website
Edit Content

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်အရ အာမခံကိုယ်စားလှယ်များသည် သက်တမ်း (၂) နှစ်ရှိ ကိုယ်စားလှယ်လုပ်ကိုင်ခွင့် လိုင်စင် ကိုင်ဆောင်၍ အာမခံပေါ်လစီရောင်းချရန်အတွက်  ဆွဲဆောင်စည်းရုံးခြင်း၊ ညှိနှိုင်းခြင်းနှင့် ဆွေးနွေးတိုင်ပင်ခြင်းစသည့်  အာမခံဝန်ဆောင်မှုလုပ်ငန်းများ  ဆောင်ရွက်ပေးလျက်ရှိရာ လိုင်စင်သက်တမ်းတိုးသည့်အခါတိုင်း “ကိုယ်စားလှယ်လိုင်စင် သက်တမ်းတိုးလျှောက်လွှာ”ပါ အချက်အလက်များကို ပြည့်စုံစွာ ဖြည့်စွက်လျှောက်ထားရမည်ဖြစ်ပါသည်။ 

အာမခံကိုယ်စားလှယ် လိုင်စင်သက်တမ်းတိုးရန် လိုအပ်ချက်များ

၁။ ပြည့်စုံစွာဖြည့်စွက်ထားသော အာမခံကိုယ်စားလှယ်လိုင်စင် သက်တမ်းတိုးလျှောက်လွှာ

၂။ အာမခံကိုယ်စားလှယ်၏ တစ်နှစ်တာအတွင်း ရောင်းချခဲ့သော အာမခံပေါ်လစီအရေအတွက်

၃။ အာမခံကုမ္ပဏီ၏ ကိုယ်စားလှယ်လုပ်ငန်းဆောင်ရွက်နေကြောင်း အတည်ပြုချက်

၄။ လိုင်စင်ကတ်မူရင်း

၅။ လိုင်စင်ဓာတ်ပုံ (၃) ပုံ

၆။ အာမခံကိုယ်စားလှယ်အချက်အလက်ဖြည့်စွက်ထားသော မှတ်ပုံတင်ကတ်ပြားပုံစံ

၇။ နှစ်စဉ်ကြေး (ငွေသွင်းချလန်) မူရင်း

မှတ်ပုံတင်ခြင်း
လုပ်ငန်းစဉ်

မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်

လိုင်စင်ရှိပြီး အာမခံကိုယ်စားလှယ်များ

အောက်ပါအတိုင်း လျှောက်ထားနိုင်ပါသည်။

၁။ AYA SOMPO နှင့်သာ လက်တွဲလုပ်ဆောင်သော အာမခံအကြံပေးကိုယ်စားလှယ်တစ်ဦးအဖြစ် တွဲဖက်လုပ်ကိုင်နိုင်သည်။
ayasompo_exclusive

သီးသန့်သဘောတူညီချက်များ 

ayasompo_product_training

အာမခံအမျိုးအစား သင်တန်းများ

၂။ AYA SOMPO နှင့်သာ လက်တွဲလုပ်ဆောင်သော အာမခံအကြံပေးဒါရိုက်တာတစ်ဦးအဖြစ် တွဲဖက်လုပ်ကိုင်နိုင်သည်။
ayasompo_assessment

အလုပ်အကိုင် အခွင့်အလမ်းများ  တိုင်ပင်ရှာဖွေခြင်း

ayasompo_performance_review

လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်ခြင်း 

ayasompo_digitalagency

တွဲဖက်အဖြစ်လျှောက်ထားခြင်း 

၃။ သီးသန့်မဟုတ်သော အာမခံကိုယ်စားလှယ်များ

လိုင်စင်မရှိသေးသော အာမခံကိုယ်စားလှယ်များ

လိုင်စင်မရှိသေးသော အာမခံကိုယ်စားလှယ်များအတွက် AYA SOMPO မှ လိုအပ်သည့် အထွေထွေသင်တန်းများ ပို့ချပေးပါည်။

ayasompo_development_training

အထွေထွေအာမခံလိုင်စင်သင်တန်း 

ayasompo_product_training

အာမခံအမျိုးအစား သင်တန်းများ

လိုင်စင်ရရှိပြီးသည့်အခါ AYA SOMPO နှင့်သာ လက်တွဲလုပ်ဆောင်သော အာမခံအကြံပေးကိုယ်စားလှယ်ဖြစ်လာပါမည်။

ayasompo_exclusive

သီးသန့်သဘောတူညီချက်များ 

Application Form

Apply as Insurance Solutions Advisor

Apply as Insurance Solutions Director