Edit Content

Digital Services

Easy for you to access your insurance policy via our digital platform


Donation of COVID-19 Vaccine to AYA Center

တစ်ကမ္ဘာလုံးတွင် ရင်ဆိုင်နေရသော COVID-19 ဗိုင်းရပ်စ်၏ ကာကွယ်ဆေးများ မြန်မာနိုင်ငံသို့ မကြာမီအချိန်က ရောက်ရှိလာပြီ ဖြစ်သောကြောင့် ယခုအခါ အများပြည်သူကျန်းမာရေးအတွက် ရှေ့တန်းမှ စွမ်းစွမ်းတမံ ခုခံကာကွယ်ပြီး ကုသပေးနေသော ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေး ထိုးနှံမှုများ ပြုလုပ်ပေးလျက်ရှိရာ AYA Center တွင်လည်း တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအား COVID-19 ကာကွယ်ဆေး ထိုးနှံခြင်းများ စတင်လုပ်ဆောင်လျက် ရှိပါသည်။

AYA SOMPO အာမခံမှလည်း ပြည်သူပြည်သားများအတွက် လိုအပ်သော ရောဂါကုသ ကာကွယ်မှုအတွက် သုံးစွဲနိုင်ရန် တစ်ထောင့်တစ်နေရာမှ အထောက်အပံ့တစ်ခုအဖြစ် အလှူငွေ ကျပ်သိန်း (၁၀၀၀) ကို AYA Center သို့ သွားရောက်လှူဒါန်းခဲ့ပါသည်။

AYA SOMPO အာမခံသည် မြန်မာပြည်သူပြည်သားများ၏ စိတ်အေးချမ်းသာ၍ ကျန်းမာပျော်ရွှင်သော လူနေမှုဘဝဖြစ်တည်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်နှင့်အညီ မြန်မာနိုင်ငံတွင်း၌ COVID-19 စတင်ကူးစက်မှု ဖြစ်ပွားသည့်အချိန်မှ စတင်၍ ကျန်းမာရေးစင်တာများ၊ ဆေးရုံများနှင့် လိုအပ်သော နေရာများသို့ စဥ်ဆက်မပြတ် လှူဒါန်းမှုများ၊ ထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိပြီး ဆက်လက်၍လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီခွင့်ရနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါသည်။