Digital Services

Easy for you to access your insurance policy via our digital platform

၁။ အလုံးစုံ မော်တော်ယာဥ် အာမခံ(Comprehensive Motor Insurance) ဆိုတာ ဘာလဲ။

ဖြေ။ အလုံးစုံ မော်တော်ယာဥ် အာမခံဆိုတာ မမျှော်လင့်သော အခြေအနေများတွင် ဖြစ်ပေါ်လာသော မော်တော်ယာဥ်ထိခိုက်ပျက်စီးမှုများကြောင့် နစ်နာဆုံးရှုံးမှုများကို ငွေကြေးအားဖြင့် ထောက်ပံ့ပေးသော ၊ သူတစ်ပါး ထိခိုက်မှု ( third party liability ) နစ်နာမှုများ အတွက်ပါ အကာအကွယ်ပေးနိုင်သည့် အာမခံအမျိုးအစား ဖြစ်ပါသည်။

၂။ သူတစ်ပါး ထိခိုက်မှု ( third party liability )ဆိုတာ ဘာလဲ။

ဖြေ။ မိမိပိုင် စက်တပ်ယာဥ် ၏ မတော်တဆထိခိုက်မှုကြောင့် သူတစ်ပါး(သက်ရှိ/သက်မဲ့)(life/property) တို့ ထိခိုက်နစ်နာ ဆုံးရှုံးမှု သည် သူတစ်ပါး ထိခိုက်မှု ( third party liability ) တွင် အကျုံးဝင်ပါသည်။

၃။ အလုံးစုံ မော်တော်ယာဥ် အာမခံ(comprehensive motor insurance) ထားချင်ရင် ဘာတွေလိုအပ်ပါသလဲ။

ဖြေ။ ယာဥ်မှတ်ပုံတင်စာအုပ်(owner book) ၊ ယာဥ်မှတ်ပုံတင်သက်သေခံ ကဒ်ပြား(wheel tax) ၊ ယာဥ်ကို မောင်းနှင် ကိုင်တွယ်မည့် လူ၏ ယာဥ်မောင်းလိုင်စင် (driving license) နှင့် လုပ်ငန်းသုံး ယာဥ် ဖြစ်ပါက အဆိုပါ ယာဥ်၏ လုပ်ငန်းလိုင်စင်(freight license) တို့ လိုအပ်ပါတယ်။

၄။ အလုံးစုံမော်တော်ယာဉ် အာမခံထားမယ်ဆိုရင် အာမခံကြေး အနေနဲ့ ဘယ်လောက်ကျသင့်နိုင်မလဲ။

‌ဖြေ။ အာမခံကြေးသည် ကားတန်ဖိုး(sum insured) ၊ ယာဥ်အသုံးပြုပုံ(vehicle usage) နှင့် ယာဥ်၏အင်ဂျင်ထုထည် (cubic capacity) တို့ပေါ် မူတည်၍ ၁% မှ ၂% အထိ ကျသင့်နိုင်ပါတယ်။

၅။ အလုံးစုံမော်တော်ယာဉ် အာမခံမှာ အာမခံသက်တမ်းဘယ်လောက်ထားရှိနိုင်မလဲ။

ဖြေ။ အာမခံသက်တမ်းက (၃လ/၆လ/၉လ/၁နှစ်)ဆိုပြီး ဆန္ဒရှိသလို ရွေးချယ် ၀ယ်ယူနိုင်ပါတယ်။ သက်တမ်းတိုအာမခံပေါ်လစီ(short term policy _ ၃လ/၆လ/၉လ) မှာတော့ ၁နှစ် အာမခံပေါ်လစီထက် ပရီမီယံကြေး ၁၀% ပိုဆောင်ရမှာ ဖြစ်ပါတယ်။

၆။ အလုံးစုံမော်တော်ယာဉ် အာမခံမှာ အာမခံသက်တမ်းအတွင်း လျော်ကြေးတောင်းခံခဲ့ခြင်းမရှိပါက ဘယ်လိုအကျိုးခံစားခွင့်တွေ ရရှိနိုင်မလဲ။

ဖြေ။ အာမခံသက်တမ်းအတွင်း လျော်ကြေးတောင်းခံခဲ့ခြင်းမရှိပါက သက်တမ်းဆက်ပရီမီယံပေါ်တွင် လျော်ကြေးမဲ့ဆု( no claim bonus) အဖြစ် အခြေခံပရီမီယံပေါ်တွင် သတ်မှတ်ထားသော ရာခိုင်နှုန်းအလိုက် ခံစားခွင့်ရှိပါတယ်။ သက်တမ်းတိုအာမခံပေါ်လစီ(၃လ/၆လ/၉လ) တို့ မှာတော့ လျော်ကြေးမဲ့ဆု( no claim bonus ) ကို ခံစားခွင့်မရနိုင်ပါ။

၇။ အလုံးစုံမော်တော်ယာဉ် အာမခံတွင် ဘယ်လို အကာအကွယ်တွေ ရရှိနိုင်မလဲ။

ဖြေ။

၁။ မိမိပိုင်ယာဥ် ပျက်စီးခြင်း

၂။ သူတစ်ပါး ထိခိုက်မှု

၃။ သဘာဝဘေးအန္တာရာယ်

၄။ ဆူပူအဓိကရုဏ်း၊သပိတ်၊မသမာဖျက်စီးမှု

၅။ စစ်ဘေးအန္တရာယ်

၆။ သူခိုးအန္တရာယ်

၈။ အလုံးစုံမော်တော်ယာဉ်အာမခံတွင် ဘယ်လိုအချက်တွေက လျော်ကြေးအကျုံးမဝင်ပါသလဲ။

ဖြေ။

၁။ မြန်မာနိုင်ငံပြင်ပတွင် ဖြစ်ပွါးသော ယာဉ်မတော်တဆမှုများ

၂။ ဝန်ပိုတင်ဆောင်ခြင်း (သို့) သတ်မှတ်ခံနိုင်ဝန်အားထက်ပို၍ တင်ဆောင်ခြင်းကြောင့် ပျက်စီးဆုံးရှုံးခြင်း

၃။ ယာဉ်ထိခိုက်မှုနှင့် တစ်ချိန်တည်းဖြစ်ခြင်းမဟုတ်သည့် တာယာများပျက်စီးခြင်း

၄။ တစ်စုံတစ်ဉီး၏ လိမ်ညာမှုကြောင့် (သို့) ယင်းနှင့်ဆက်နွယ်သော အကြောင်းကြောင့် ဖြစ်ပေါ်သည့် ပျက်စီးဆုံးရှုံးမှု

၅။ အဆိုလွှာတွင် ယာဉ်အသုံးပြုပုံကို မှန်ကန်စွာ ဖော်ပြပေးရမည်။ အဆိုလွှာတွင် ဖော်ပြထားသည့် ကိစ္စမှလွဲ၍ အခြားနည်းဖြင့် အသုံးပြုခြင်းကြောင့် ဆုံးရှုံးပျက်စီးမှုများ

၆။ အသုံးပြုပုံပြောင်းလဲခြင်း၊ ယာဉ်ပုံစံ/စွမ်းအင် ပြုပြင်မွမ်းမံခြင်း၊ Modification ယာဉ်ပြောင်းလဲခြင်း၊ ပိုင်ရှင်ပြောင်းလဲခြင်း စသည့် ပြောင်းလဲမှုများဖြစ်ပေါ်ပါက AYA SOMPO သို့ အကြောင်းကြားရပါမည်။ အကြောင်းမကြားပဲ ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများသည် လျော်ကြေးအကျုံးမဝင်ပါ။