Digital Services

Easy for you to access your insurance policy via our digital platform

၁။ ကိုယ်အင်္ဂါထိခိုက်မှုအာမခံလုပ်ချင်ရင် ဘာတွေလိုအပ်ပါသလဲ။

ဖြေ။ အာမခံထားမည့်သူ၏ မှတ်ပုံတင်နှင့် အဆိုပြုလွှာကို မှန်ကန်စွာ ဖြည့်ပေးရန် လိုအပ်ပါတယ်။

၂။ အာမခံပေါ်လစီထွက်ရန် အချိန်ဘယ်လောက်ကြာပါသလဲ။

ဖြေ။ လိုအပ်သောစာရွက်စာတမ်းများ ပြည့်စုံပြီး (၁) နာရီ အတွင်း ပေါ်လစီ ရပါတယ်။

၃။ ကိုယ်အင်္ဂါထိခိုက်မှုအာမခံအတွက် အာမခံသက်တမ်းက ဘယ်လောက်ထားလို့ ရပါသလဲ။

ဖြေ။ အာမခံသက်တမ်း (၁)နှစ် ထားရှိနိုင်ပါတယ်။

၄။ ကိုယ်အင်္ဂါထိခိုက်မှု အာမခံအတွက် ပရီမီယံကြေး ဘယ်လောက်ကျသင့်မလဲ။

ဖြေ။ အာမခံထားမည့်ငွေပမာဏ, အာမခံထားမည့်သူ၏ အလုပ်အကိုင်( အန္တရာယ်မများသောအလုပ်အကိုင်- ၀.၇% / အန္တရာယ်များသောအလုပ်အကိုင် – တပ်မတော်၊ ပြည်သူ့ရဲ၊ လေယာဉ်၀န်ထမ်း၊ လျှပ်စစ်၀န်ထမ်းနှင့် အခြားသော အန္တရာယ်များသောအလုပ်အကိုင်များအတွက် – ၁%) နှင့် ၀ယ်ယူမည့်အာမခံသက်တမ်းပေါ်မူတည်ပီး ပရီမီယံကြေး ကျသင့်ပါမည်။

၅။ ဘယ်အချိန်မှ စတင်ပြီး အာမခံအကာအကွယ် အကျုံးဝင်ပါသလဲ။

ဖြေ။ ပရီမီယံကြေးစတင်ပေးသွင်းသည့် အချိန်မှစတင်၍ အာမခံသက်တမ်းကုန်သည်အထိ အကျုံးဝင်ပါသည်။

၆။ ကိုယ်အင်္ဂါထိခိုက်မှု အာမခံတွင် ၁နှစ်အတွင်း Claim ဘယ်နှစ်ကြိမ်ဖြစ်ခွင့်ရှိပါသလဲ။ Claim မဖြစ်ရင်ရော ဘယ်လိုအကျိုးခံစားခွင့်တွေ ရရှိနိုင်မလဲ။

ဖြေ။ Claim ရှိခဲ့ရင် သတ်မှတ်ထားသည့် policy benefits မကုန်မချင်းအာမခံရပါသည်။ အာမခံသက်တမ်း (၁) နှစ် ကုန်ပါက ပေါ်လစီအလိုအလျောက် ပျက်ပြယ်ပါမည်။ အာမခံလျော်ကြေးမတောင်းသူများအနေနှင့် အခြားအကျိုးခံစားခွင့် မရှိပါ။

၇။ ကိုယ်အင်္ဂါထိခိုက်မှု အာမခံတွင် သက်တမ်းတိုးလို့ ရပါသလား။

ဖြေ။ သက်တမ်းတိုးလို့ မရနိုင်ပါ။ အာမခံသက်တမ်းကုန်ပြီး သက်တမ်းထပ်တိုးလိုပါက ပေါ်လစီနံပါတ် အသစ်နှင့် နောက်တစောင်ထပ်သွားပါမည်။

၈။ ကိုယ်အင်္ဂါထိခိုက်မှု အာမခံတွင် နာမည်ပြောင်းလိုပါက ဘာတွေလိုအပ်ပါသလဲ။

ဖြေ။ ကိုယ်အင်္ဂါထိခိုက်မှု အာမခံတွင် နာမည်ပြောင်းခွင့်မရှိပါ။ အပြောင်းအလဲ (endorsement) လုပ်ခွင့်မရှိပါ။

၉။ ပေါ်လစီကို ဖျက်သိမ်းချင်ရင် ဘာတွေလိုအပ်ပါသလဲ။

ဖြေ။ ပေါ်လစီဖျက်သိမ်းလိုပါက ပရီမီယံကြေး ပြန်ထုတ်မပေးပါ။ ပရီမီယံကြေးပေးသွင်းရန် နောက်ကျပါက ပေါ်လစီ အလိုအလျောက် ပျက်ပြယ်ပါမယ်။

၁၀။ အိမ်အရောက်ဝန်ဆောင်မှု ပေးပါသလား?

ဖြေ။ အိမ်အရောက်ဝန်ဆောင်မှု လုပ်ပေးပါသည်။

၁၁။ Agent နဲ့ ကိုယ်အင်္ဂါထိခိုက်မှု အာမခံလုပ်တာနဲ့ လူကိုယ်တိုင် ရုံးလာလုပ်တာ ဘယ်လိုကွာခြားမှု ရှိပါသလဲ။

ဖြေ။ ကွာခြားမှု မရှိပါ။ AYA SOMPO အာမခံမှ Customer များအားလုံးကို တူညီသော ဝန်ဆောင်မှု ပေးပါတယ်။ AYA SOMPO အာမခံတွင် Door to Door ဝန်ဆောင်မှုရှိတာကြောင့် Customer များအတွက် အချိန်ကုန်သက်သာပြီး စိတ်အေးစေရန်အတွက် အကောင်းဆုံးဝန်ဆောင်မှုများ ပေးမှာ ဖြစ်ပါတယ်။

၁၂။ ဘဏ်နဲ့ ချိတ်ဆက်ပြီး အာမခံထားမယ်ဆိုရင် ဘာတွေလိုအပ်ပါသလဲ?

ဖြေ။ Bank နဲ့ချိတ်ဆက်ပီး အာမခံထားချင်ရင်ဧရာဝတီဘဏ်များတွင်ရှိသော Bancassurance များနှင့် ချိတ်ဆက်၍ လိုအပ်သောစာရွက်စာတမ်းများအားပေး၍ အာမခံထားရှိနိုင်ပါသည်။