Digital Services

Easy for you to access your insurance policy via our digital platform

အလုံးစုံမော်တော်ယာဉ်အာမခံထားရှိလိုပါက မည်သည့်စာရွက်စာတမ်းများလိုအပ်ပါသလဲ။

အလုံးစုံမော်တော်ယာဥ်အာမခံထားရှိလိုပါက အောက်ဖော်ပြပါ စာရွက်စာတမ်းများ လိုအပ်ပါသည်။
  • အဆိုပြုလွှာ အပြည့်အစုံ
  • အချက်အလက်စာရင်း အပြည့်အစုံ
  • ယာဥ်မှတ်ပုံတင်သက်​သေခံ လက်မှတ်(wheel tax)/ က.ည.န ကနဦးမှတ်ပုံတင်စာရွက်
  • ယာဉ်မောင်းလိုင်စင်
  • ယာဉ်မှတ်ပုံတင်စာအုပ်
  • အရောင်းအဝယ်စာချူပ်/ ပြေစာ
  • ကားဓာတ်ပုံ
  • အာမခံကုမ္ပဏီများအားလုံး ကောက်ခံသော ပရီမီယံနှုန်းထားသည် တူညီပါသလား။

    အလုံးစုံမော်တော်ယာဉ်အာမခံမှာ Tariff Rate ဖြင့် သတ်မှတ်ထားခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ ၄င်းအကာအကွယ်အတွက် ကောက်ခံမည့်ပရီမီယံသည် အာမခံတာဝန်ရှိသူမှ ချမှတ်ထားသော ပုံသေနည်းပေါ်တွက်ချက်ပြီး ကောက်ခံခြင်းဖြစ်သောကြောင့် အာမခံကုမ္ပဏီတိုင်း တူညီသောအကာအကွယ်အတွက် တူညီသောအခြေခံပရီမီယံနှုန်းဖြင့် ကောက်ခံခြင်းဖြစ်ပါသည်။

    လျော်ကြေးနှုတ်ဖြတ်ငွေဆိုတာဘာလဲ။ ဘယ်လိုအသုံးပြုနိုင်လဲဆိုတာကို ဥပမာပေးပြီးရှင်းပြပေးပါ။

    လျော်ကြေးနှုတ်ဖြတ်ငွေဆိုသည်မှာ အာမခံကုမ္ပဏီမှလျော်ကြေးပေးရချိန်တိုင်း အာမခံထားသူမှပေးဆောင်ရမည့် ပမာဏကိုဆိုလိုခြင်းဖြစ်ပါသည်။ ဥပမာအနေဖြင့် လျော်ကြေးပေးဆောင်မည့်ပမာဏသည် ခြောက်သောင်းကျပ်ဆိုလျှင် ပေါ်လစီတွင် ဖော်ပြထားသောလျော်ကြေးနှုတ်ဖြတ်ငွေ ငါးသောင်းကျပ်ကို အာမခံထားသူမှ ပေးဆောင်ရမည်ဖြစ်ပြီး အာမခံကုမ္ပဏီမှကျန်ငွေ တစ်သောင်းကျပ်ကို ပေးလျော်မည်ဖြစ်ပါသည်။ 

    လျော်ကြေးမဲ့ဆု (No Claim Bonus) ဆိုတာဘာလဲ။

    လျော်ကြေးမဲ့ဆုဆိုသည်မှာ အာမခံတာဝန်ရှိသူမှသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့်အညီ အာမခံသက်တမ်းအတွင်း လျော်ကြေးတောင်းခံခဲ့ခြင်းမရှိပါက အခြေခံပရီမီယံပေါ်တွင် ရာခိုင်နှုန်းအလိုက် လျော့ဈေးခံစားခွင့်ကိုဆိုလိုခြင်းဖြစ်ပါသည်။ သို့သော် အာမခံထားသူတစ်ဦးထဲမှ မော်တော်ယာဉ်ကို သက်တမ်း (၁၂) လ ဆက်တိုက်အာမခံထားမှသာ ခံစားခွင့်ရှိမည်ဖြစ်ပါသည်။

    လျော်ကြေးမဲ့ဆုကို မော်တော်ယာဉ်တစ်စီးမှနောက်တစ်စီးသို့ လွှဲပြောင်းနိုင်ပါသလား။

    သင့်အမည်ဖြင့် မော်တော်ယာဉ်များကိုမှတ်ပုံတင်ထားပါက လျော်ကြေးမဲ့ဆုကို မော်တော်ယာဉ်တစ်စီးမှ နောက်တစ်စီးသို့ လွှဲပြောင်းပေးနိုင်ပါသည်။ သို့သော် နောက်နှစ်လျော်ကြေးမဲ့ဆုကို အာမခံထားသူတစ်ဦးထဲမှ မော်တော်ယာဉ်ကို သက်တမ်း (၁၂) လ ဆက်တိုက်အာမခံထားရှိထားပြီး အာမခံသက်တမ်းအတွင်း လျော်ကြေးတောင်းခံခဲ့ခြင်းမရှိမှသာ ခံစားခွင့်ရရှိမည်ဖြစ်ပါသည်။ (မှတ်ချက်၊ ရရှိသော လျော်ကြေးမဲ့ဆုကို မော်တော်ယာဉ်တစ်စီးထက်ပို၍ အသုံးပြုခွင့်မရှိပါ။)

    ကားအာမခံထားချင်ရင် ဘယ်လောက်နဲ့ထားရမလဲ။

    ဈေးကွက်ပေါက်ဈေးပေါ်မူတည်ပြီး အာမခံထားရှိနိုင်ပါသည်။ အာမခံထားရှိလိုသော ကားတန်ဖိုအား သိရှိလိုပါက ကားအရောင်းတာဝန်ခံ (သို့မဟုတ်) ကားအရောင်းပြခန်းတွင်လည်း မေးမြန်းနိုင်ပါသည်။

    ကားပြောင်းချင်ရင် ဘာလုပ်ဖို့လိုမလဲ။

    ကားပြောင်းဖို့အတွက် Customer Service ဖုန်းနံပါတ် ၀၉ ၇၇၇ ၁၀၀ ၅၅၅ သို့ဆက်သွယ်နိုင်ပါသည် (သို့မဟုတ်) သက်ဆိုင်ရာ အရောင်းဝန်ထမ်းများသို့ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။ အာမခံနှင့်ပတ်သက်၍ ပြင်ဆင်ခြင်း/ပြောင်းလဲခြင်း တောင်းဆိုလွှာ ကို ဖြည့်ပေးပြီး လိုအပ်သောစာရွက်စာတမ်းများကို ပေးရန်လိုအပ်ပါသည်။ ပြန်အမ်းငွေ (သို့မဟုတ်) ထပ်ဆောင်းပရီမီယံကို သင်၏အာမခံထားငွေအသစ်အပေါ်တွင် ကောက်ခံသွားမည်ဖြစ်ပါသည်။ 

    ပေါ်လစီ ပယ်ဖျက်ချင်ရင် ဘာလုပ်ဖို့လိုမလဲ။

    ပေါ်လစီ ပယ်ဖျက်ခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ Customer Service ဖုန်းနံပါတ် ၀၉ ၇၇၇ ၁၀၀ ၅၅၅ သို့ဆက်သွယ်နိုင်ပါသည် (သို့မဟုတ်) သက်ဆိုင်ရာ အရောင်းဝန်ထမ်းများသို့ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။ အာမခံနှင့်ပတ်သက်၍ ဖျက်သိမ်းခြင်း တောင်းဆိုလွှာ ဖြည့်ပေးရန်လိုအပ်ပါသည်။ ကျန်ရှိနေသော အာမခံသက်တမ်းပေါ်မူတည်ပြီး ပရီမီယံကို ပြန်အမ်းပေးသွားမည်ဖြစ်ပါသည်။