Digital Services

Easy for you to access your insurance policy via our digital platform

မီးအာမခံထားရန် မည်သည့်စာရွက်စာတမ်းများ လိုအပ်သနည်း။

(က) အဆောက်အဦး
  • ပြည့်စုံစွာဖြည့်စွက်ထားသော အဆိုပြုလွှာ 
  • နားလည်သဘောတူ၍ လက်မှတ်ထိုးထားသော မီးအာမခံအကြောင်း သိကောင်းစရာစာရွက် 
  • ပရိဘောဂနှင့် စက်ပစ္စည်းအသေးစိတ်စာရင်း 
  • အဝယ် (သို့) အရောင်းစာချုပ်မိတ္တူ 
  • ပိုင်ဆိုင်မှုစာချုပ် သို့မဟုတ် အငှားစာချုပ်မိတ္တူ
  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (လူပုဂ္ဂိုလ်ဖြစ်ပါက) 
  • ကုမ္ပဏီမှတ်ပုံတင်နှင့် ရှယ်ယာဝင်အချက်အလက်မိတ္တူ
    (ကုမ္ပဏီဖြစ်ပါက) 

  • (ခ) ကုန်ပစ္စည်း
  • ပြည့်စုံစွာဖြည့်စွက်ထားသော အဆိုပြုလွှာ 
  • နားလည်သဘောတူ၍ လက်မှတ်ထိုးထားသော မီးအာမခံအကြောင်း သိကောင်းစရာစာရွက် 
  • ကုန်ပစ္စည်းအသေးစိတ်စာရင်း  
  • အဝင်အထွက်စာရင်းစာအုပ် 
  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (လူပုဂ္ဂိုလ်ဖြစ်ပါက) 
  • ကုမ္ပဏီမှတ်ပုံတင်နှင့် ရှယ်ယာဝင်အချက်အလက်မိတ္တူ
    (ကုမ္ပဏီဖြစ်ပါက)  
  • တစ်နှစ်စာအာမခံအတွက် ပရီမီယံကြေးမည်မျှ ပေးသွင်းရမည်နည်း။

    အာမခံထားမည့် အဆောက်အဦး၏အတန်းအစား၊ အသုံးပြုပုံနှင့် ဘေးပတ်ဝန်းကျင်အပေါ် မူတည်၍ ပရီမီယံနှုန်း ၀.၁၃% မှ ၃.၅၀% အတွင်း ကျသင့်နိုင်ပါသည်။ အာမခံထားမည့် အဆောက်အဦးကို မျက်မြင်စစ်ဆေးပြီး အာမခံကြေးနှုန်းထားကို အတိအကျ တွက်ချက်ပေးပါသည်။ အာမခံကြေးကို တစ်ပေါင်းတည်း ပေးသွင်းရပါမည်။

    အာမခံအဆောက်အဦး၏အသုံးပြုပုံနှင့် ပိုင်ဆိုင်သူနာမည် ပြောင်းလိုပါက မည်သို့ လုပ်ဆောင်ရမည်နည်း။

    အပြောင်းအလဲ ပြုလုပ်လိုပါက Customer Service ဖုန်းနံပါတ် 09 777 100 555 ကိုဖြစ်စေ သက်ဆိုင်ရာအရောင်းဝန်ထမ်းကိုဖြစ်စေ ဆက်သွယ်နိုင်ပါသည်။ endorsement ဖောင်ကို ဖြည့်စွက်၍ လိုအပ်သောစာရွက်စာတမ်းများကို တင်ပြပါ။ ပြုလုပ်လိုသော အပြောင်းအလဲအပေါ် မူတည်၍ ပြန်အမ်းငွေ သို့မဟုတ် ထပ်ဆောင်းအာမခံကြေး ပေးသွင်းခြင်း ရှိနိုင်ပါသည်။

    မီးအာမခံတွင် မည်သည့်အကာအကွယ်များ ပါဝင်သနည်း။

    သာမန်မီးအာမခံအကာအကွယ်တွင်
    ၁။ မီးလောင်၍ ပျက်စီးဆုံးရှုံးမှုနှင့် မိုးကြိုးပစ်၍ မီးလောင်ဆုံးရှုံးမှု
    ၂။ မတော်တဆမီး
    ၃။ အိမ်သုံးဓာတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှုကြောင့် မီးလောင်ဆုံးရှုံးမှုတို့ ပါဝင်ပါသည်။

    မီးအာမခံတွင် မည်သည့်အပိုအကာအကွယ်များ ဝယ်ယူနိုင်သနည်း။

    အခြေခံမီးအကာအကွယ်နှင့်အတူ အောက်ဖော်ပြပါ အပိုအကာအကွယ်များလည်း ဝယ်ယူနိုင်ပါသည်။:
    ၁။ လေယာဉ်ကြောင့် ထိခိုက်ပျက်စီးခြင်း (အာမခံထားငွေစုစုပေါင်း၏ ၀.၁၀ %)
    ၂။ ကုန်းလမ်းသွားယာဉ်ကြောင့် ထိခိုက်ပျက်စီးခြင်း (အာမခံထားငွေစုစုပေါင်း၏ ၀.၁၀ %)
    ၃။ မြေကျွံ၊ မြေပြိုခြင်း (အာမခံထားငွေစုစုပေါင်း၏ ၀.၁၀ %)
    ၄။ မြေငလျင်နှင့် မီးတောင်ပေါက်ကွဲမှု (အာမခံထားငွေစုစုပေါင်း၏ ၀.၁၀ %)
    ၅။ ပေါက်ကွဲပျက်စီးခြင်း (အာမခံထားငွေစုစုပေါင်း၏ ၀.၁၀ %)
    ၆။ အလိုအလျောက်မီးစွဲလောင်မှု (အာမခံထားငွေစုစုပေါင်း၏ ၀.၀၈ %)
    ၇။ လေမုန်တိုင်းအမျိုးမျိုး (တိုင်ဖွန်း၊ ဟာရီကိန်း စသဖြင့်) (အာမခံထားငွေစုစုပေါင်း၏ ၀.၂၀ - ၀.၂၅ %)
    ၈။ ရေကြီးခြင်း၊ ရေလျှံခြင်း (အာမခံထားငွေစုစုပေါင်း၏ ၀.၁၀ %)
    ၉။ ဖောက်ထွင်းခိုးယူခြင်း (အာမခံထားငွေစုစုပေါင်း၏ ၀.၂၅% - ၀.၇၅ %)

    အာမခံစာချုပ်ကို ပယ်ဖျက်လိုပါက မည်သို့ လုပ်ဆောင်ရမည်နည်း။

    အပြောင်းအလဲ ပြုလုပ်လိုပါက Customer Service ဖုန်းနံပါတ် 09 777 100 555 ကိုဖြစ်စေ သက်ဆိုင်ရာအရောင်းဝန်ထမ်းကိုဖြစ်စေ ဆက်သွယ်နိုင်ပါသည်။ cancellation ဖောင်ကို ဖြည့်စွက်ပါ။ ကျန်ရှိသော အာမခံသက်တမ်းအလိုက် ကုမ္ပဏီမှ အာမခံကြေး ပြန်အမ်းမည် ဖြစ်ပါသည်။