၁။  ငွေပို့ငွေသယ်အာမခံထားရန် ဘယ်လိုစာရွက်စာတမ်းများ လိုအပ်ပါသလဲ။

ဖြေ။   ၁။ အဆိုပြုလွှာ

၂။ ငွေကိုင်၏ နာမည်၊ မှတ်ပုံတင်မိတ္တူနှင့် ဝန်ထမ်းကဒ်မိတ္တူ

၃။ သယ်ယူမည့်ကား၏ Owner Book နှင့် Wheel Tax

၂။ ငွေပို့ငွေသယ်အာမခံအတွက် (၁) နှစ်စာ ပရီမီယံကြေး ဘယ်လောက်ပေးသွင်းရမလဲ။

၁၀ မိုင်အတွင်း ၀.၀၂၇%
၁၀ မိုင် – ၁၅ မိုင်အတွင်း ၀.၀၅၄%
၁၅ မိုင် – ၂၀ မိုင်အတွင်း ၀.၀၈၁%
၂၀ မိုင်အထက် ၀.၀၉၀%

(လက်နက်ကိုင် အစောင့်အရှောက်ပါလျှင် ပရီမီယံနှုန်းထားကို ၀.၀၁ % လျှော့ပေးပါသည်။)

၃။ ငွေပို့ငွေသယ်အာမခံက ဘယ်လိုဆုံးရှုံးမှုတွေကို အကာအကွယ်ပေးပါသလဲ။

ဖြေ။ ငွေသယ်ဆောင်စဉ်အတွင်း လုယက်ခိုးယူခံရခြင်းအတွက် အကာအကွယ်ပေးပါတယ်။

၄။ ငွေပို့ငွေသယ်အာမခံတွင် ဘယ်လိုအချက်တွေက အကာအကွယ်မရနိုင်သလဲ။

ဖြေ။ စစ်ဖြစ်သောမြို့၊ သပိတ်မှောက်ဆူပူသောမြို့များသို့ သယ်ယူမှုများအတွက် အကာအကွယ်မပေးပါ။

၅။ ငွေပို့ငွေသယ်အာမခံတွင် အာမခံသက်တမ်း မည်မျှထားခွင့်ရှိပါသလဲ။

ဖြေ။ ခရီးစဉ်တစ်ခေါက်အတွက်သာ အာမခံထားခွင့်ရှိပါသည်။