Digital Services

Easy for you to access your insurance policy via our digital platform

• အာမခံတန်ဘိုးပြောင်းလဲမည်ဆိုလျှင် ရေယာဉ်မထွက်ခွာမီ အာမခံကုမ္ပဏီသို့ အကြောင်းကြား ရပါမည်။

• ရေယာဉ်ပြောင်းလဲ တင်ဆောင်ခြင်းအတွက်လည်း ရေယာဉ်မထွက်ခွာမီ အကြောင်းကြားရ ပါမည်။ အကြောင်းမကြားပါကလျော်ကြေးငြင်းဆိုနိုင်ပါသည်။

• အဆိုလွှာတွင် ဖော်ပြထားသည့် ကုန်ပစ္စည်းသယ်ဆောင်မည့် ခရီးလမ်းကြောင်း အတိုင်း မောင်းနှင်ရပါမည်။ လမ်းကြောင်းပြောင်းလဲသယ်ဆောင်ခြင်း မပြုလုပ်ရပါ။ မလွှဲရှောင်နိုင်သော အကြောင်းကြောင့်ပြောင်းလဲမောင်းနှင်ရပါက အာမခံကုမ္ပဏီသို့ ချက်ချင်းအကြောင်းကြား ရပါမည်။

• ပြည်တွင်း ရေကြောင်းခရီးဖြင့် သယ်ဆောင်ခြင်းတွင် ဆိပ်ကမ်းမှ ထွက်ခွာမည့်ရက် နောက်ကျမည် ဆိုပါက ဆိပ်ကမ်းရက်လွန်ကြေးအဖြစ် ပရီမီယံ၏ ၁၀% ကို အပိုအကာအကွယ်အဖြစ် ဝယ်ယူနိုင်ပါသည်။

• ရေယာဉ်နစ်မြုပ်ပါက ရေယာဉ်ပေါ်ပါရှိသည့် ကုန်ပစ္စည်းများအား ဆုံးရှုံးမှုနည်းစေရန် အတွက်ချက်ချင်းဆယ်တင်သယ်ယူရမည်။

• အာမခံထားငွေကျပ်တစ်သိန်းလျှင် တံဆိပ်ခေါင်းတန်ဖိုး ကျပ် ၁၀/- ကို အာမခံထားသူ မှ ပေးဆောင်ရပါမည်။ (အာမခံထားငွေ၏ ဝ.၀၁ % ဖြစ်ပါသည်)