မော်တော်ယာဉ်အာမခံမှာ Tariff Rate ဖြင့် သတ်မှတ်ထားခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ ၄င်းအကာအကွယ်အတွက် ကောက်ခံမည့် ပရီမီယံသည် အာမခံတာဝန်ရှိသူမှ ချမှတ်ထားသော ပုံသေနည်း ပေါ်တွက်ချက်ပြီး ကောက်ခံခြင်းဖြစ်သောကြောင့် အာမခံကုမ္ပဏီတိုင်း တူညီသောအကာအကွယ်အတွက် တူညီသောအခြေခံပရီမီယံနှုန်းဖြင့် ကောက်ခံခြင်းဖြစ်ပါသည်။