လျော်ကြေးနုတ်ဖြတ်ငွေဆိုသည်မှာ အာမခံကုမ္ပဏီမှ လျော်ကြေး ပေးရချိန်တိုင်း အာမခံထားသူမှပေးဆောင်ရမည့် ပမာဏကို ဆိုလို ခြင်းဖြစ်ပါသည်။ ဥပမာအနေဖြင့် လျော်ကြေးပေးဆောင်မည့် ပမာဏ သည် တစ်သိန်းခြောက်သောင်းကျပ်ဆိုလျှင် ပေါ်လစီတွင် ဖော်ပြထားသော လျော်ကြေးနုတ်ဖြတ်ငွေ တစ်သိန်းကျပ်ကို အာမခံထားသူမှ ပေးဆောင် ရမည်ဖြစ်ပြီး အာမခံကုမ္ပဏီမှကျန်ငွေ ခြောက်သောင်းကျပ်ကို ပေးလျော်မည်ဖြစ်ပါသည်။