Prevent from home fires

လေ့လာမှုများအရ ၂၀၁၉ ခုနှစ်တွင် မီးအန္တရာယ် မတော်တဆမှုပေါင်း ၂၅၀၀ ခန့် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၇၉ ဦး သေဆုံးခဲ့ပြီး ၆၃၀၀ နီးပါးခန့် အိမ်ခြေရာမဲ့ ဖြစ်ခဲ့ပါတယ်။
(Reference: https://www.mmtimes.com/news/nearly-2500-fires-claim-79-lives-myanmar-2019.html)

မြန်မာနိုင်ငံတွင် မီးလောင်မှု ဖြစ်ပွါးရခြင်း၏ အဓိက အကြောင်းအရင်းများမှာ လူတို့၏ ပေါ့ဆမှုကြောင့် ဖြစ်သော ပေါ့ဆမီး၊ စီးကရက်တိုများမှ တစ်ဆင့်လောင်ကျွမ်းသောမီး၊ လျှပ်စစ်မီးနှင့် မီးဖိုချောင်မီး စသည်တို့ကြောင့် အများဆုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဒါ့ကြောင့် မီးဘေးအန္တရာယ် မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အောက်ပါအချက်များကို သတိပြုလိုက်နာစေလိုပါတယ်။

  • မီးဖိုချောင်တွင် မီးအသုံးပြုပြီးပါက မီးဖို (သို့) မီးခလုတ်များကို သေချာစွာ ပြန်ဆန်းစစ်ပါ။
  • အပြင်သို့ သွားမည်ဆိုပါက မီးခလုတ်များပိတ်၍ မိန်းခလုတ်ကို သေချာစွာ ချပါ။
  • ဖုန်းအားသွင်းခြင်း၊ မီးပူတိုက်ခြင်း စသည့် မီးနှင့် ဆက်စပ်သော ပစ္စည်းများ အသုံးပြုပြီးပါက မီးခလုတ်ကို ပြန်လည်ပိတ်ပါ။
  • မီးကြိုး၊ မီးခလုတ်များကို သီးခြားသပ်ရပ်စွာ ထားပါ။
  • စီးကရက်တိုများကို သေချာစွာ မီးငြိမ်းသတ်ပြီးမှ စနစ်တကျ စွန့်ပစ်ပါ။
  • သစ်ရွက်အမှိုက်များကို မီးရှို့လေ့ရှိပါက သေချာစွာ ပြန်လည်ငြိမ်းသတ်ပေးပါ။