the CiRCLE

the CiRCLE (by AYA SOMPO) သည် အာမခံစျေးကွက်အတွင်းရှိ AYA SOMPO ၏ ထူးခြားဆန်းသစ်သော ဝန်ဆောင်မှုများကို တိုးတက်စေရန် ရည်ရွယ်ထားသည့် အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဤအစီအစဉ်သည် နေ့စဥ်ဘဝတွင် မိမိတို့၏ အလှအပနှင့် ဘဝနေထိုင်မှုဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ စသောအကျိုးခံစားခွင့်ပေါင်းများစွာကို ထောက်ပံ့ပေးခြင်းဖြင့် ဘဝ၏ သာလွန်ကောင်းမွန်သောအရာများကို ယူဆောင်ပေးရန် ရည်ရွယ်ထားပါတယ်။

မြန်မာနိုင်ငံအနှံ့ရှိ အမှတ်တံဆိပ်အမျိုးအစားပေါင်း ၁၅၀ ကျော်အတွက် ပြင်ဆင်ထားသော အထူးအခွင့်အရေးများ၊ ဆုများနှင့် အကျိုးခံစားခွင့်များကို ဒစ်ဂျစ်တယ်ပလက်ဖောင်းတစ်ခုဖြစ်သော AYA PAY နှင့်အတူ ပူးပေါင်း ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်။ AYA PAY အသုံးပြုသူများအနေဖြင့် အချိန်မရွေး၊ နေရာမရွေး AYA PAY Application တွင် မိမိတို့ လိုအပ်သော ဝန်ဆောင်မှုအမျိုးအစားများစွာကို ရယူနိုင်မှာပဲဖြစ်ပါတယ်။

အစီအစဉ်အတွက် အဓိကကဏ္ဍ ၃ ခုမှာ –
အလှအပနှင့် ဘဝနေထိုင်မှုဆိုင်ရာ အကျိုးခံစားခွင့် – ယခုနှင့်နောင်ရေး စိတ်အေးချမ်းသာမှုရရှိနိုင်စေရေးကို ကတိပြုထားသကဲ့သို့ ကျွန်တော်တို့၏ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့်အတူ အခြားသော အထူးအကျိုးခံစားခွင့်များမှတဆင့် ဘဝနေထိုင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိရန်လုပ်ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး အကျိုးခံစားခွင့် – “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုသည့်စကားအတိုင်း ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များမှတဆင့် ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်များ၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်နိုင်ရန် လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသည်လည်း ဘဝတွင် ကောင်းမွန်စွာ နေထိုင်ခြင်းကို အထောက်အကူပြုသော အရာတစ်ခုဖြစ်ပါတယ်။

ငွေကြေးဆိုင်ရာအကျိုးခံစားခွင့်– ကျွန်တော်တို့ မိတ်ဖက်ကိုယ်စားလှယ်များ၏ ဥစ္စာပစ္စည်းများ တိုးပွားလာရန်အတွက် နည်းလမ်းသစ်တစ်ခုကို မိတ်ဆက်ပေးထားပါတယ်။ အကောင်းမွန်ဆုံးသော အခွင့်အရေးတစ်ခုမှတဆင့် သင်နှင့် သင်ချစ်ရသောသူများအတွက် အမွေအနှစ်တစ်ခုကို ဖန်တီးနိုင်စေသည့်အပြင် ရေရှည်တည်တံ့သောအနာဂတ်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်မှာ စျေးကွက်အတွင်းရှိ မိတ်ဖက်ကိုယ်စားလှယ်များကို အထူးအခွင့်အရေးများနှင့် အကျိုးခံစားခွင့်များကို ဆောင်ရွက်ပေးနိုင်ရန်ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေတဆင့် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာရှိတဲ့ လူတွေရဲ့ ဘဝအရည်အသွေးကို တိုးတက်ကောင်းမွန်စေရုံသာမက ကျွမ်းကျင်မှုရှိပြီး ရေရှည်တည်တံ့သော လုပ်ဖော်ကိုင်ဖက်များရဲ့ ကွန်ရက်တစ်ခု တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် AYA SOMPO နှင့် လက်တွဲလုပ်ဆောင်ခြင်းမှတဆင့် ဘဝရဲ့ သာလွန်ကောင်းမွန်သော အရာများကို ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ပါတယ်။

ယခုအခါ the CiRCLE ကို AYA Pay အပ်ပလီကေးရှင်းတွင် ကျွန်တော်တို့၏ လုပ်ဖော်ကိုင်ဖက်များအတွက် သီးသန့် ရရှိအောင် ဆောင်ရွက်ထားပြီး လက်တစ်ကမ်းမှာတင် စိတ်လှုပ်ရှားဖွယ် အခွင့်ထူးများ အားလုံးကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဤအစီအစဥ်သည် AYA SOMPO ၏လုပ်ဖော်ကိုင်ဖက်များဖြစ်သော ဝန်ထမ်းများ၊ ကိုယ်စားလှယ်များအပြင် စီးပွားရေး လုပ်ဖော်ကိုင်ဖက်များလည်း ပါဝင်ထားခြင်းဖြစ်ပြီး ရေရှည်တွင် AYA SOMPO ၏ ပေါ်လစီကိုင်ဆောင်သူများလည်း ရရှိနိုင်ရန် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။