AYA MYANMAR INSURANCE နှင့် SOMPO JAPAN NIPPONKOA INSURANCE INC. တို့၏ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ

ဇွန် ၁၈ ၂၀၁၆.                

AMI နှင့် Sompo Japan တို့်၏ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ဇွန် ၁၈ ၂၀၁၆ ရက်နေ့က Novotel Max Yangon (Pathein Ballroom)တွင် ကျင်းပရာ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Tateshi Higuchi ၊ ဧရာမြန်မာအာမခံမှ တာဝန်ရှိသူများ၊Sompo Japan Nipponkoa Insurance Inc. မှ တာဝန်ရှိသူများ တတ်ရောက်ကြသည်။ အခမ်းအနားတွင် အဖွင့်အမှာစကားကို စီမံကိန်း နှင့် ဘဏ္ဍရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း  မှပြောကြားခဲ့ပြီး၊မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး Mr. Tateshi Higuchi မှ ဂုဏ်ပြု စကားပြောကြားခဲ့သည်။

ထို့နောက်  Sompo Japan Holding မှ Managing Executive Officer ဖြစ်သူ Mr. Nubuhiro Kojima မှ လက်မှတ်ရေးထိုးရခြင်း အကြောင်းကို ရှင်းလင်းပြောကြားပြီး ဧရာမြန်မာအာမခံမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးမင်းသူမှ ပူးပေါင်းမှုဆိုင်ရာ အကျိုးရလာဒ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများမှ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးကြပြီး AYA Myanmar Insurance ၏ ဥက္ကဌ ဦးဇော်ဇော်မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ယခုကဲ့သို့ ပြည်ပ အာမခံ ကုမ္ပဏီ နှင့် ပူးပေါင်းမှုသည် အာမခံလောကတွင် ဧရာမြန်မာအာမခံ မှ ပထမဦးဆုံး အကြိမ်ဖြစ်သည်။ အသိပညာများ၊ လူ့စွမ်းအားအရင်းအမြစ်များ၊သတင်းအချက်အလက်များ ပူးပေါင်းဖလှယ်ပြီး အာမခံ လုပ်ငန်း တိုးတက်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။