၂၀၂၂ ခုနှစ်၊ မေလ (၁၈) ရက်နေ့တွင် AYA SOMPO Insurance နှင့် National Management Academy (NMA) တို့သည် Learning and Development Partnership Signing Ceremony အဖြစ် ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူညီမှုလက်မှတ် ရေးထိုးခဲ့ပါတယ်။
အခမ်းအနားကို AYA SOMPO အာမခံမှ CEO ဦးမျိုးမင်းသူ၊ CSO Mr. Hirokazu Mori နှင့် National Management Academy (NMA) မှ Founder ဦးဟန်ထူးနှင့်တကွ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
AYA SOMPO အာမခံအနေဖြင့် National Management Academy (NMA) နှင့် ပူးပေါင်း၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ဆောင်ချက်များအပြင် လူငယ်များအတွက် ပညာသင်ကြားရင်း အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်မည့် Apprenticeship Program ကိုလည်း ဖန်တီးဆောင်ရွက်သွားရန် ရည်ရွယ်ပါတယ်။
We use cookies to ensure that we give you the best experience on our website. If you continue to use this site we will assume that you are happy with it.